top of page
  • Writer's pictureCRPH Norway

Brief News (22 April 2022)

Updated: Jan 28, 2023





Remarks about Myanmar by Spokesperson for the Secretary-General on daily press briefing

  • In daily press briefing on 21 April 2022, Spokesperson for the Secretary-General Stéphane Dujarric said that the colleagues on the ground say they remain alarmed by the deteriorating humanitarian situation in Myanmar, where civilians continue to suffer because of the continued fighting in the north-west and south-east of the country.

  • He mentioned that aid workers are worried about the shelter situation for many Rohingya who are internally displaced and confined to camps across Rakhine State.

  • He said that hundreds of buildings in the camps are in dire need of repair, leaving more than 28,000 displaced men, women and children living in perilous conditions.

  • Dujarric said that the U.N. needs to urgently bridge a funding gap of $4.7 million to repair those structures, and their humanitarian colleagues stress it is critical that voluntary and durable solutions are found so people can exercise their rights, have freedom of movement and resume their lives.

Posted on 21 April 2022

Source:https://www.un.org/press/en/2022/db220421.doc.htm



အကြောင်းအရာ- ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ပြောရေးဆိုခွင့်ရှိသူ၏မြန်မာနိုင်ငံနှင့်ပတ်သက်သည့် သဘောထားမှတ်ချက်။

နေ့ရက် - ၂၁/၀၄/၂၀၂၂

ပြောဆိုသူ - ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ Stéphane Dujarric

ပြောဆိုသည့်နေရာ - နေ့စဉ်သတင်းစာရှင်းလင်းပွဲ

ပြောဆိုချက်များ -

မြန်မာနိုင်ငံတွင် ဆိုးရွားလာသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများကြောင့် စိုးရိမ်ထိတ်လန့်နေရဆဲဖြစ်ကြောင်းမြေပြင်ရှိလုပ်ဖော်ကိုင်ဖက်များကပြောကြား။နိုင်ငံအနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ဘက်တို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် အရပ်သားများ ဒုက္ခရောက်နေကြရ။

ပြည်တွင်းနေရပ်စွန့်ခွာပြီးရခိုင်ပြည်နယ်တဝှမ်းရှိဒုက္ခသည်စခန်းတွေမှာ ချုပ်နှောင်ခံထားရတဲ့ ရိုဟင်ဂျာ အများအပြားအတွက် ခိုလှုံစရာ အခြေအနေဟာ စိုးရိမ်စရာကောင်းနေ။ စခန်းတွင်းရှိ ရာနှင့်ချီသော အဆောက်အဦများသည် ပြုပြင်ရန် အလွန်လိုအပ်နေပြီး အမျိုးသား၊ အမျိုးသမီးနှင့် ကလေး ၂၈,၀၀၀ ကျော်သည် အန္တရာယ်ရှိသော အခြေအနေတွင် နေထိုင်လျက်ရှိ။

အဆိုပါ အဆောက်အဦးများကိုပြုပြင်ရန် ရန်ပုံငွေ ဒေါ်လာ ၄.၇ သန်းကို ကုလသမဂ္ဂက အရေးပေါ် ပေးအပ်ရန် လိုအပ်။

Source:https://www.un.org/press/en/2022/db220421.doc.htm


--------------------------------









Myanmar: ASEAN’s Failed ‘5-Point Consensus’ a Year On

  • Southeast Asian governments should urgently revamp their response to Myanmar’s abusive junta by coordinating action with the broader international community, Human Rights Watch said on 22 April 2022.

  • Despite adopting a “five-point consensus” on the crisis a year ago, the ASEAN has failed to fulfill its pledges or take meaningful steps toward pressing the junta to end its human rights violations.

  • Leading ASEAN countries, namely Indonesia, Malaysia, and Singapore, should work closely with other governments to develop a clear, timebound approach to press Myanmar’s junta toward reform.

  • US President Joe Biden, who will host ASEAN members at a summit in May, should press ASEAN leaders to abandon their failed consensus approach and encourage greater cooperation with other countries promoting stronger action against the junta’s rights abuses.

Posted on 22 April 2022

Source:https://www.hrw.org/news/2022/04/22/myanmar-aseans-failed-5-point-consensus-year#



အကြောင်းအရာ- အာဆီယံ၏ မအောင်မြင်သောအချက် ၅ ချက်ပါဘုံသဘောတူညီမှု။

နေ့ရက် - ၂၂/၀၄/၂၀၂၂

ပြောဆိုသူ - လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့

ပြောဆိုချက်များ -

အရှေ့တောင်အာရှအစိုးရများသည်ကျယ်ပြန့်သောနိုင်ငံတကာအသိုက်အဝန်းနှင့်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာ၏ ရိုင်းစိုင်းသော စစ်အစိုးရအပေါ် ၎င်းတို့၏ တုံ့ပြန်မှုကို အမြန်ပြန်လည် ပြင်ဆင်သင့်။

လွန်ခဲ့သည့်တစ်နှစ်တည်းကအချက်၅ချက်ပါဘုံသဘောတူညီမှုကိုလက်ခံကျင့်သုံးနေသော်လည်းအာဆီယံ သည်၎င်း၏ကတိကဝတ်များကိုဖြည့်ဆည်းပေးရန်နှင့်စစ်တပ်ကိုအဓိပ္ပာယ်ရှိသောဖိအားပေးခြင်းများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့သည်။

အာဆီယံထိပ်သီးနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်ကာပူတို့သည် မြန်မာစစ်တပ်အား ဖိအားပေးရန် အခြားအစိုးရများနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်သင့်သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည်လည်း အာဆီယံခေါင်းဆောင်များအား ၎င်းတို့၏ မအောင်မြင်သော အချက်၅ချက်ပါဘုံသဘောတူညီမှုစွန့်လွှတ်ရန်နှင့်အခြားနိုင်ငံများနှင့်ပိုမိုပူးပေါင်းဆောင်ရွက်ရန်အားပေး တိုက်တွန်းသင့်သည်။

Source:https://www.hrw.org/news/2022/04/22/myanmar-aseans-failed-5-point-consensus-year#


--------------------------------


ASEAN’s Five-Point Failure

  • The ASEAN Five-Point Consensus reached between ASEAN leaders and the leader of the Myanmar military is a failure, with no significant progress made towards its implementation after twelve months, says the Special Advisory Council for Myanmar (SAC-M).

  • “The junta has not held to a single point of the Five-Point Consensus. The agreement has failed and a change of course from ASEAN is needed,” said Marzuki Darusman of SAC-M.

  • “The ASEAN Five-Point Consensus failed because ASEAN engaged with the wrong party,” said Yanghee Lee of SAC-M. “The NUG represents Myanmar and is the proper party to lead engagement with ASEAN. The NUG has demonstrated that it is the constructive partner that ASEAN needs to make any progress towards resolving the crisis.”

Posted on 22 April 2022

Source:https://specialadvisorycouncil.org/2022/04/aseans-five-point-failure/



အကြောင်းအရာ- အာဆီယံ၏ မအောင်မြင်သောအချက် ၅ ချက်ပါဘုံသဘောတူညီမှု။

နေ့ရက် - ၂၂/၀၄/၂၀၂၂

ပြောဆိုသူ - မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)

ပြောဆိုချက်များ -

အာဆီယံခေါင်းဆောင်များနှင့်မြန်မာ့စစ်ခေါင်းဆောင်တို့ကြားထားရှိခဲ့သောအာဆီယံအချက်၅ချက်ပါဘုံ သဘောတူညီမှုသည် သိသိသာသာ တိုးတက်မှုမရှိပဲကျရှုံးနေ။

“စစ်တပ်ကဘုံသဘောတူညီမှုမှာပါ၀င်တဲ့တစ်ချက်တောင်မှမလိုက်နာပါဘူး။ဒါကြောင့်မအောင်မြင်ဘဲ အာဆီယံအနေနဲ့ လမ်းကြောင်းပြောင်းဖို့ လိုအပ်ပါတယ်” ဟု Marzuki Darusman က ပြောကြား။

“အာဆီယံက မှားယွင်းတဲ့ ပါတီနဲ့ စေ့စပ်တဲ့အတွက် အာဆီယံ ငါးရပ်ရဲ့သဘောတူညီမှုမအောင်မြင်ဘူး။NUG သည်မြန်မာနိုင်ငံကိုကိုယ်စားပြုပြီးအာဆီယံနှင့်ထိတွေ့ဆက်ဆံမှုကိုဦးဆောင်ရန်သင့်လျော်သောပါတီဖြစ်တယ်”ဟု Yanghee Lee က ပြောကြား။

Source:https://specialadvisorycouncil.org/2022/04/aseans-five-point-failure/


--------------------------------


International community must do more to protect brave protesters

  • Myanmar’s brave activists are still pursuing peaceful protests despite grave danger and numerous challenges, Amnesty International said on 22 April 2022, one year after the ASEAN adopted Five-Point Consensus that has abjectly failed to stop the violence in the country.

  • “These activists urgently need the support of the international community in the form of a global arms embargo to stop the Myanmar military from using weapons of warfare to kill peaceful protesters,” said Emerlynne Gil, Amnesty International’s Deputy Regional Director for Research.

Posted on 22 April 2022

Source:https://www.amnesty.org/en/latest/news/2022/04/myanmar-coup-peaceful-protest/



အကြောင်းအရာ- သတ္တိရှိတဲ့ ဆန္ဒပြသူတွေကိုအကာအကွယ်ပေးဖို့နိုင်ငံတကာအသိုင်းအဝိုင်းကပိုလုပ်ရမယ်။

နေ့ရက် - ၂၂/၀၄/၂၀၂၂

ပြောဆိုသူ - Amnesty International

ပြောဆိုချက်များ -

မြန်မာနိုင်ငံမှ ရဲရင့်သော တက်ကြွလှုပ်ရှားသူများသည် ပြင်းထန်သော အန္တရာယ်နှင့် စိန်ခေါ်မှုများစွာရှိသော်လည်း ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများကို ဆက်လက်လုပ်ဆောင်နေကြဆဲဖြစ်သည်။

“ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သတ်ဖြတ်ရန်မြန်မာစစ်တပ်က စစ်ပွဲလက်နက်တွေ အသုံးပြုတာကို ရပ်တန့်ဖို့ ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှုပိတ်ဆို့နိုင်ရန်နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပံ့ပိုးကူညီမှုကို အရေးတကြီးလိုအပ်နေပါတယ်” ဟု Amnesty International ၏ သုတေသနအတွက် ဒေသဆိုင်ရာလက်ထောက်ညွှန်ကြားရေးမှူးEmerlynne Gilက ပြောကြား။

Source:https://www.amnesty.org/en/latest/news/2022/04/myanmar-coup-peaceful-protest/


--------------------------------


Help for Ukraine but little for Myanmar

  • There are many similarities between the war in Ukraine and the civil conflict in Myanmar. There are urgent humanitarian concerns in both countries, but the grave suffering in one has been greatly overshadowed by the other.

  • Western nations have rallied to support Ukraine, with arms and help for its millions of refugees, but the people of Myanmar have received far less.

  • So the cries for help by millions in Myanmar have been ignored, and with far less media coverage, there is just lip service on helping their struggle. Lip service won’t bring change. The people of Myanmar need support, like the people in Ukraine. Both are suffering an invasion by brutal forces. The European Union and the US need to consider that the people of Myanmar are humans, also fighting for independence, and they deserve just a small proportion of what has been given to Ukraine.

Posted on 20 April 2022

Source:https://asiatimes.com/2022/04/help-for-ukraine-but-little-for-myanmar/



အကြောင်းအရာ- ယူကရိန်းအတွက်ကူညီကြသော် လည်းမြန်မာအတွက် ကူညီမှုအနည်းငယ်သာရှိ။

နေ့ရက် - ၂၀/၀၄/၂၀၂၂

သတင်းတင်သည့်နေရာ - Asia Times

တင်ပြချက်များ -

ယူကရိန်းစစ်ပွဲနှင့် မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ကြားတွင် ဆင်တူမှုများ အများအပြားရှိသည်။

နှစ်နိုင်ငံလုံးတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်စိုးရိမ်မှုများရှိနေသော်လည်း မြန်မာနိုင်ငံအရေးကယူကရိန်းအရေးလောက်မလွှမ်းမိုးထား။

အနောက်နိုင်ငံတွေက သန်းနဲ့ချီတဲ့ ယူကရိန်းဒုက္ခသည်အတွက် လက်နက်အကူအညီနဲ့ လူသားခြင်းဆိုင်ရာအကူအညီပေးနေကြပေမယ့် မြန်မာပြည်သူတွေကိုတော့ လျစ်လျူရှုထား။

မြန်မာ့အရေးကိုမီဒီယာများတွင် ဖော်ပြမှု နည်းပါးနေ။

ဥရောပသမဂ္ဂနှင့် အမေရိကန်တို့က လွတ်လပ်ရေးတိုက်ပွဲဝင်နေသောမြန်မာနိုင်ငံသားများသည်လည်း လူသားများဖြစ်သည်ဟုစာနာပြီးယူကရိန်းအားပေးအပ်ထားသည့်အကူအညီ၏ပမာဏအနည်းငယ်မျှ လောက်တော့ကူညီသင့်။

Source:https://www.state.gov/readout-of-ambassador-hussains-trip-to-bangladesh/


--------------------------------


Myanmar junta chief Min Aung Hlaing calls for peace talks with ethnic rebels

  • Myanmar's junta chief on April 22 called for face-to-face peace talks with the country's established ethnic rebel groups, as the military struggles to crush newer anti-junta militias that have sprung up to fight the coup.

  • "I invite leaders of ethnic armed groups for dialogue," junta chief Min Aung Hlaing said in an address on state media, calling for representatives to register by May 9 and adding he would meet them personally.

Posted on 22 April 2022

Source:https://www.straitstimes.com/asia/se-asia/myamar-junta-chief-min-aung-hlaing-calls-for-peace-talks-with-ethnic-rebels



အကြောင်းအရာ- မြန်မာစစ်တပ်အကြီးအကဲမင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တောင်းဆို။

နေ့ရက် - ၂၂/၀၄/၂၀၂၂

သတင်းတင်သည့်နေရာ - The Straits Times

တင်ပြချက်များ -

စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူ့စစ်တပ်အင်အားများကို ချေမှုန်းရန်ခက်ခက်ခဲခဲ ကြိုးပမ်းနေရသောတပ်မတော်အကြီးအကဲက နိုင်ငံတွင်း ဖွဲ့စည်းတည်ထောင်ထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မျက်နှာချင်းဆိုင် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဧပြီလ ၂၂ ရက်နေ့တွင် တောင်းဆိုခဲ့။

မေလ ၉ ရက်နေ့ နောက်ဆုံးထားပြီး ကိုယ်စားလှယ်တွေကိုစာရင်းသွင်းဖို့ ပြောပြီးကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံမယ်လို့လည်း ပြောပါတယ်။

Source:https://www.straitstimes.com/asia/se-asia/myamar-junta-chief-min-aung-hlaing-calls-for-peace-talks-with-ethnic-rebels


--------------------------------


Myanmar Exempts Most Foreigners From Currency Conversion Rule

  • Myanmar’s military government exempted most overseas nationals and entities from compulsorily converting foreign currencies into kyat after international push back over the move.

  • Businesses in the nation’s three special economic zones are exempted from the April 4 order on currency conversion, according to a statement from the Central Bank of Myanmar. The waiver will also apply for diplomats and their families, foreigners working for embassies, the United Nations and other development agencies and international civil society groups.

Posted on 21 April 2022

Source:https://www.bloomberg.com/news/articles/2022-04-21/myanmar-exempts-most-foreigners-from-currency-conversion-rule



အကြောင်းအရာ- မြန်မာနိုင်ငံသည် နိုင်ငံခြားသားအများစုကို ငွေကြေးလဲလှယ်မှုစည်းမျဉ်းမှ ကင်းလွတ်ခွင့်ပေး။

နေ့ရက် - ၂၁/၀၄/၂၀၂၂

သတင်းတင်သည့်နေရာ - Bloomberg

တင်ပြချက်များ -

နိုင်ငံခြားငွေကို ကျပ်သို့ အတင်းအကြပ်ပြောင်းလဲခြင်းစည်းမျဉ်းမှ ပြည်ပနိုင်ငံအသားအများစုကို မြန်မာစစ်တက်က ကင်းလွတ်ခွင့်ပြုခဲ့။

အထူးစီးပွားရေးဇုန် (၃) ခုရှိ စီးပွားရေးလုပ်ငန်းများကို စတင်ကင်းလွတ်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရ။

အဆိုပါ ကင်းလွတ်ခွင့်သည် သံတမန်များနှင့် ၎င်းတို့၏ မိသားစုများ၊ သံရုံးများတွင် အလုပ်လုပ်နေသော နိုင်ငံခြားသားများ၊ ကုလသမဂ္ဂနှင့် အခြားသော ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီများနှင့် နိုင်ငံတကာ အရပ်ဘက် လူ့အဖွဲ့အစည်းများအတွက်လည်း အကြုံးဝင်မည်ဖြစ်သည်။

Source:https://www.bloomberg.com/news/articles/2022-04-21/myanmar-exempts-most-foreigners-from-currency-conversion-rule


--------------------------------


Daily Briefing in Relation to the Military Coup

  • According to AAPP documentation, at least (547) houses and buildings have been sealed off by the Junta since the 2021 coup up until March 2022.

  • As of April 22, 2022, (1782) people are now confirmed killed by this junta coup. AAPP compiled and documented (3) fallen heroes today. These (3) fallen heroes from Tabayin Township in Sagaing Region were killed on previous days and documented today. This is the number verified by AAPP.

  • As of April 22, 2022, a total of (10290) people are currently under detention. (999) people have been sentenced in person; of them 59 have been sentenced to death (incl. 2 children). 1977 are evading arrest warrants. 120 people have been sentenced in absentia, of them 41 sentenced to death in absentia. In total 100 sentenced to death, in person and absentia.

Posted on 22 April 2022

Source:https://aappb.org/?p=21216



အကြောင်းအရာ- စစ်တပ်အာဏာသိမ်းမှုနှင့် စပ်လျဉ်းသည့် နေ့စဉ် ရှင်းလင်းတင်ပြချက်။

နေ့ရက် - ၂၂/၀၄/၂၀၂၂

နေရာ - အစီရင်ခံစာ (AAPP)

ပြောဆိုသူ - AAPP

ပြောဆိုချက်များ -

  • ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမှစပြီး ၂၀၂၂ ခုနှစ် မတ်လအထိ နေအိမ်များနှင့် အဆောက်အဦ အနည်းဆုံး (၅၄၇) လုံးချိတ်ပိတ်ခံခဲ့ရ။

  • ဧပြီလ ၂၂ ရက် ၂၀၂၂ ခုနှစ်အထိ စစ်အစိုးရအာဏာသိမ်းမှုကြောင့် လူပေါင်း (၁၇၈၂) ဦး သေဆုံးခဲ့ကြောင်းအတည်ပြုခဲ့ ။AAPPမှမစစ်ကိုင်းတိုင်း ဒေသကြီး ဒီပဲယင်မြို့နယ်မှာကျဆုံးခဲ့တဲ့ သူရဲကောင်း (၃) ဦးကို ဒီကနေ့ မှတ်တမ်းတင်ခဲ့။

  • ဧပြီလ၂၂ရက်၂၀၂၂ခုနှစ်အထိစုစုပေါင်း(၁၀၂၉၀)ဦးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်းသိရ။လူ(၉၉၉)ဦးပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး၎င်းတို့အနက်ကလေး(၂)ဦးအပါအဝင်(၅၉)ဦးသေဒဏ်ချမှတ်ခံရ။(၁၉၇၇)ဦးဖမ်းဝရမ်းထုတ်တာကို ရှောင်နေရ။မျက်ကွယ်တွင် ထောင်ဒဏ် (၁၂၀) ဦး ချမှတ်ခဲ့ရပြီး ၎င်းတို့အနက် (၄၁) ဦး မျက်ကွယ်တွင် သေဒဏ်ချမှတ်ခံခဲ့ရသည်။စုစုပေါင်း (၁၀၀) ဦးသေဒဏ်ချမှတ်ခံခဲ့ရသည်။

Source:https://aappb.org/?p=21216


--------------------------------


34 views0 comments

Recent Posts

See All
bottom of page