NUG MoFA ရဲ့ 2024 Calendar
2024 Calendar
အာဏာရှင်စနစ်ကို အပြီးတိုင် နိဂုံးချုပ်စေပြီး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ပေါ်ထွန်းလာတာကို မှတ်တမ်းတင်ဖို့ ၂၀၂၄ ခုနှစ် နှစ်သစ်ပြက္ခဒိန်ကို ဝယ်ယူအားပေးစို့ ...
၂၀၂၃ ခုနှစ် ကုန်ဆုံးလာတာနဲ့အမျှ စစ်အာဏာရှင် နိဂုံးချုပ်ချိန်ဟာလည်း နီးကပ်လို့ လာပါပြီ။ ပြည်သူလူထုက လှူဒါန်းထည့်ဝင်ကြတဲ့ ရံပုံငွေတွေကို တော်လှန်ရေးကြီးရဲ့ အရေးအကြီးဆုံးကဏ္ဍတွေမှာသာ အသုံးပြုကြရတာဖြစ်လို့၊ သံတမန်ရေးစစ်မျက်နှာအတွက် ရံပုံငွေအင်အား ဖြည့်တင်းနိုင်ဖို့အတွက် ဒီနှစ်သစ်ပြက္ခဒိန်ကို ထုတ်ဝေလိုက်ပါတယ်။ နွေဦးတော်လှန်ရေးကြီးအတွင်းမှာ ကိုယ်စိတ်နှစ်ပါး ပင်ပန်းနေကြရတဲ့ ပြည်သူတွေအနေနဲ့ ခဏတာ စိတ်အပမ်းပြေပါစေဆိုတဲ့ စေတနာနဲ့ မြန်မာပြည်အနှံ့အပြားက လှပတဲ့ သဘာဝရှုခင်းဓါတ်ပုံလေးတွေကို သုံးထားပါတယ်။
ရည်မှန်းချက် တူညီရာကို မရပ်မနား ဦးတည်ခုတ်မောင်းနေတဲ့ ရထားကြီးတစင်းလိုပဲ၊ တော်လှန်လှိုင်းလုံးတွေနဲ့အတူ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ဆီ အရောက်လှမ်းနေတဲ့ မြန်မာပြည်သူတွေရဲ့ ခြေလှမ်းတိုင်းကို ဒီနှစ်သစ်ပြက္ခဒိန်မှာ မှတ်တမ်းတင်ကြပါစို့။
နွေဦးတော်လှန်ရေးရဲ့ ၂၀၂၄ ခုနှစ် သံတမန်ရေးရာစစ်မျက်နှာမှာ ပါဝင်ကူညီလိုသူ ဘယ်သူမဆို၊ ဒီပြက္ခဒိန်ကို အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်ရုံးတွေမှာ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။