top of page

နွေဦးဟာ ပူလောင်လွန်းပါတယ်။

"နွေဦးမီးလျှံငှက်များ" စာအုပ်

SKU: 364215375135191
kr 250,00Price
  • မြန်မာ့မြေမှာ အလျှံတညီးညီးနဲ့ တောက်လောင်နေတဲ့ စစ်မီးတောက် စစ်မီးညွန့်တွေကလည်း မိုးထိမတတ် မြင့်မား လွန်းလှပါတယ်။ ဒီကြားထဲကမှ ခွန်အားတင်းတင်း မာန်ဟုန်ပြင်းပြင်းနဲ့ မီးလျှံကို ထွင်းဖေါက်လွတ်မြောက်လာကြတဲ့ နွေဦးမီးလျှံငှက်ကလေးတွေကလည်း ဒုနဲ့ဒေးပါပဲ။ ကျနော်တို့ ကျမတို့ရဲ့ ရင်သွေးငယ်လေးတွေဖြစ်ကြတဲ့ ဒီငှက်လေးတွေဟာ တကယ်တော့ နွေဦးတော်လှန်ရေးရဲ့ တကယ့် သူရဲကောင်းလေးတွေပါပဲ။ ဒီငှက်လေးတွေရဲ့ ဘဝဖြစ်စဉ်၊ ယုံကြည်ချက်၊ မျှော်လင့်ချက်နဲ့ ရင်ခုန်သံတွေကို ထပ်တူ မျှယူ ခံစားလိုကြတယ်ဆိုရင်ဖြင့် "နွေဦးမီးလျှံငှက်များ" ဆိုတဲ့ စာအုပ်လေးကို ၀ယ်ယူအားပေးဖတ်ရှုကြဖို့ တိုက်တွန်းလိုက်ပါရစေ။

    ဒီစာအုပ်ထဲက ကဗျာ၊ ဝတ္ထု၊ ဆောင်းပါးနဲ့ ကာတွန်းတွေကို နွေဦးမီးလျှံငှက်လေးတွေ ကိုယ်တိုင် ရေးသားသီကုံးခဲ့ကြတာဖြစ်ပါတယ်။ ဒီစာအုပ်ကနေ ရလာတဲ့ ၀င်ငွေမှန်သမျှဟာလည်း ဒီငှက်ကလေးတွေရဲ့ စစ်ဒဏ်ရာကို ကုစားပေးမယ့် ရံပုံငွေတွေ ဖြစ်လာမှာမို့၊ ဝယ်ယူလှူဒါန်းကြသူတွေရဲ့ စိတ်နှလုံးကို ဧကန်မုချ အေးမြစေပါလိမ့်မယ်။

    ဒါကြောင့် အားတက်သရော ၀ယ်ယူကြပါ။ လှူဒါန်းကြပါ၊ ကုသိုလ်ယူကြပါ။

bottom of page