top of page

“ကော်လာရှည်ရှည် ကေလန်လန်” ကဗျာစာအုပ် အမြည်း

Min Ko Naing - “ကော်လာရှည်ရှည် ကေလန်လန်”

SKU: 364215376135191
kr 250,00Price
  • ကိုယ်တို့လို အိုးစကူးတွေအတွက် ကော်လာရှည်ရှည် ကေလန်လန် စာအုပ်က နင့်ကနဲ နင်သွားလောက်ရအောင် ခံစားရမယ်ဆိုတာကတော့ အသေအချာပါပဲ။ ဘာလို့လဲ ဆိုတော့ အဲသည်ထဲမှာ ကော်လာရှည်ရှည်အင်္ကျီဝတ်ပြီး ကေလန်လန် ထားကြတဲ့ ခေတ်လူငယ်တွေရဲ့ ဘဝ၊ ရင်ခုန်သံ၊ အနုပညာ၊ စာပေ… စသည် စသည်တို့ရဲ့ အကြောင်း…။

    ကိုမင်းကိုနိုင်ရေးတဲ့ ကဗျာဖြစ်သမို့ ကဗျာ့အရည်အသွေးကိုတော့ အထွေအထူး ညွှန်းမနေတော့ပါဘူး။​ စာအုပ်အဖုံးလေးက ခပ်ထူထူ၊ သပ်သပ်ရပ်ရပ်။ အဲသည်မျက်နှာဖုံးရဲ့ လက်ရေးဒီဇိုင်းကို "နေမျိုးဆေး" ရေးထားပေးတာ။ မျက်နှာဖုံးက သပ်သပ်ရပ်ရပ် ခန့်ခန့်ထည်ထည် ရှိသလို၊ အတွင်းသရုပ်ဖော်ပန်းချီတွေကလည်း အမှန်အကန် မိုက်စ်ပေါ့။ အမှန်အကန် ဖြစ်ရမှာပေါ့ - ဆွဲတဲ့သူတွေကလည်း မုတ်သုံ၊ ဧကစာချို၊ ဗဂျီလင်းဝဏ္ဏတို့ ဟံသာထက်တို့။ အနှစ်သာရရော၊ အသွင်အပြင်ရော တန်ဖိုးနဲ့ထိုက်တန်သမို့ ဆောင်ထားရမယ့် စာအုပ်တအုပ်ပါ။

    CRPH Supporting Group (Norway) ကနေ တော်လှန်ရေးရံပုံငွေအတွက် ရောင်းချမှာဖြစ်သမို့ ၀ယ် နိုင်ပါပြီ။

    စာအုပ်တန်ဖိုးက ခရိုနာ ၂၅၀ ပါ။ စာတိုက်ကပို့ပေးရမယ်ဆိုရင် စာတိုက်ခ ထပ်မံပေးချေရပါမယ်နော်။ oယ်မယ်ဆိုရင်တော့ -

    ဒေါ်ဝတ်မှုံဝင်း၊ တယ်လီဖုံးနံပါတ် +47 936 14 831 ကို ဖြစ်စေ၊ CRPH Supporting Group Norway ရဲ့ မက်ဆင်ဂျာကနေဖြစ်စေ မှာယူနိုင်ပါပြီ။

bottom of page