top of page
Min Ko Naing - “ကော်လာရှည်ရှည် ကေလန်လန်”

Min Ko Naing - “ကော်လာရှည်ရှည် ကေလန်လန်”

SKU: 364215376135191
kr 250,00Price

“ကော်လာရှည်ရှည် ကေလန်လန်” ကဗျာစာအုပ် အမြည်း

Quantity

ကိုယ်တို့လို အိုးစကူးတွေအတွက် ကော်လာရှည်ရှည် ကေလန်လန် စာအုပ်က နင့်ကနဲ နင်သွားလောက်ရအောင် ခံစားရမယ်ဆိုတာကတော့ အသေအချာပါပဲ။ ဘာလို့လဲ ဆိုတော့ အဲသည်ထဲမှာ ကော်လာရှည်ရှည်အင်္ကျီဝတ်ပြီး ကေလန်လန် ထားကြတဲ့ ခေတ်လူငယ်တွေရဲ့ ဘဝ၊ ရင်ခုန်သံ၊ အနုပညာ၊ စာပေ… စသည် စသည်တို့ရဲ့ အကြောင်း…။

ကိုမင်းကိုနိုင်ရေးတဲ့ ကဗျာဖြစ်သမို့ ကဗျာ့အရည်အသွေးကိုတော့ အထွေအထူး ညွှန်းမနေတော့ပါဘူး။​ စာအုပ်အဖုံးလေးက ခပ်ထူထူ၊ သပ်သပ်ရပ်ရပ်။ အဲသည်မျက်နှာဖုံးရဲ့ လက်ရေးဒီဇိုင်းကို "နေမျိုးဆေး" ရေးထားပေးတာ။ မျက်နှာဖုံးက သပ်သပ်ရပ်ရပ် ခန့်ခန့်ထည်ထည် ရှိသလို၊ အတွင်းသရုပ်ဖော်ပန်းချီတွေကလည်း အမှန်အကန် မိုက်စ်ပေါ့။ အမှန်အကန် ဖြစ်ရမှာပေါ့ - ဆွဲတဲ့သူတွေကလည်း မုတ်သုံ၊ ဧကစာချို၊ ဗဂျီလင်းဝဏ္ဏတို့ ဟံသာထက်တို့။ အနှစ်သာရရော၊ အသွင်အပြင်ရော တန်ဖိုးနဲ့ထိုက်တန်သမို့ ဆောင်ထားရမယ့် စာအုပ်တအုပ်ပါ။

CRPH Supporting Group (Norway) ကနေ တော်လှန်ရေးရံပုံငွေအတွက် ရောင်းချမှာဖြစ်သမို့ ၀ယ် နိုင်ပါပြီ။

စာအုပ်တန်ဖိုးက ခရိုနာ ၂၅၀ ပါ။ စာတိုက်ကပို့ပေးရမယ်ဆိုရင် စာတိုက်ခ ထပ်မံပေးချေရပါမယ်နော်။ oယ်မယ်ဆိုရင်တော့ -

ဒေါ်ဝတ်မှုံဝင်း၊ တယ်လီဖုံးနံပါတ် +47 936 14 831 ကို ဖြစ်စေ၊ CRPH Supporting Group Norway ရဲ့ မက်ဆင်ဂျာကနေဖြစ်စေ မှာယူနိုင်ပါပြီ။

bottom of page