top of page

မင်းတပ်မြို့ကို ချင်းညီနောင်တပ်ဖွဲ့က AAကူညီမှုနဲ့အလုံးစုံသိမ်းပိုက်◼️‌ဟောင်ဝှစ်ဇာလက်နက်ကြီးတွေအပါအဝင် လက်နက်ခဲယမ်းတွေရ◼️ နိုင်ငံရေးအကျဉ်းသား (၁၃)ဦးကို ကယ်ထုတ်ဒီဇင်ဘာ ၂၂၊ ၂၀၂၄ချင်းညီနောင်စစ်ဆင်ရေး


ree

မင်းတပ်မြို့ကို ချင်းညီနောင်တပ်ဖွဲ့က AAကူညီမှုနဲ့

အလုံးစုံသိမ်းပိုက်

‌ဟောင်ဝှစ်ဇာလက်နက်ကြီးတွေအပါအဝင် လက်နက်ခဲယမ်းတွေရ

 နိုင်ငံရေးအကျဉ်းသား (၁၃)ဦးကို ကယ်ထုတ်

ဒီဇင်ဘာ ၂၂၊ ၂၀၂၄

ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် ဖော်ဆောင်နေတဲ့ မင်းတပ်မြို့ကို ချင်းညီနောင်တပ်ဖွဲ့က အာရက္ခတပ်တော် ( AA) ရဲ့ ကူညီမှုနဲ့

အလုံးစုံသိမ်းပိုက်နိုင်ခဲ့တယ်လို့ ချင်းညီနောင်တပ်ဖွဲ့က ဒီနေ့ည မှာ ထုတ်ပြန်ပါတယ်။

မင်းတပ်မြို့ကို နိုဝင်ဘာ ၉ရက်က စတင်ပြီး မြိူ့သိမ်းတိုက်ပွဲ ဆင် နွှဲခဲ့ရာ နောက်ဆုံးလက်ကျန် အကြမ်းဖက် စစ်တပ်စခန်းဖြစ်တဲ့ မင်းတပ်မြို့အခြေစိုက် အမှတ်(၂၇၄) ခြေလျင်တပ်ရင်းကို ဒီဇင်ဘာလ(၂၁) ရက်က အပြီးသတ် တိုက်ခိုက် သိမ်းပိုက် ရယူပြီးနောက် မြို့ကို အလုံးစုံ သိမ်းပိုက်ရရှိခဲ့တာလို့ ဆိုပါတယ်။

" မင်းတပ်မြို့သိမ်းစစ်ဆင်ရေးတွင် အာရက္ခတပ်တော်(AA) မှ စစ်လက်နက်၊ ခဲယမ်း၊ စစ်ကူများအပြင် စစ်ရေးဆိုင်ရာအကြံဉာဏ်များ နှင့် လိုအပ်သောအကူအညီများကို ပံ့ပိုး ကူညီခဲ့ပါသည်။ ထို့ကြောင့် ယခုအချိန်တွင် မိမိတို့ချင်းညီနောင်မှ မင်းတပ်မြို့နယ် တစ်ခုလုံးအား အလုံးစုံထိန်းချုပ်ထားနိုင်ခဲ့ပြီး မင်းတပ်မြို့နယ်သည် စစ်ကောင်စီကင်းစင်သည့် မြို့နယ်တစ်ခု ဖြစ်လာခဲ့ပြီးဖြစ်ပါသည်။" တယ်လို့ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ရက်ကလည်း အကြမ်းဖက်စစိတပ်ရဲ့ ခလရ ၂၇၄အပါအဝင် အကြမ်းဖက်စစ်တပ်စခန်းတွေက စစ်သားတွေနဲ့မိသားစုဝင် ၁၂၃ဦး လက်နက်ချ အညံ့ခံခဲ့ပါသေးတယ်။မြို့သိမ်းတိုက်ပွဲကာလအတွင်း ဟောင်ဝှစ်ဇာ လက်နက်ကြီးတွေအပါအဝင် ခဲယမ်းမြောက်များစွာ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

မင်းတပ်မြို့သိမ်းစစ်ဆင်ရေးအတွင်း အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီး အကျဉ်းကျထားတဲ့ နိုင်ငံရေးအကျဉ်းသား (၁၃) ဦးကိုလည်း အောင်မြင်စွာကယ်ထုတ် ပေးနိုင်ခဲ့တယ်လို့ အသိပေးဖော်ပြထားပါတယ်။

မင်းတပ်မြို့သိမ်း စစ်ဆင်ရေးကို ချင်းညီနောင်နဲ့ မဟာမိတ်တပ်ဖွဲ့များဖြစ်ကြတဲ့ Yaw Defens

 Force (YDF) Yaw Army (YA) နဲ့ မုံရွာခရိုင်တပ်ရင်း(၃) တို့က ဟန်ချက်ညီညီဆင်နွှဲခဲ့ကြပြီး မဆုတ်မနစ်တဲ့ စိတ်ဓာတ်တွေကြောင့် တိုက်ပွဲဝင်နိုင်ခဲ့လို့ အောင်မြင်မှုရရှိခဲ့တာလို့ ဆိုပါတယ်။


ree

ree

ree

ree

ree

ree



 
 
 

Comments

Rated 0 out of 5 stars.
No ratings yet

Add a rating
bottom of page