top of page
  • Writer's pictureCRPH Norway

Brief News (7 Feb 2022)

Updated: Apr 25, 2022




Remarks about Myanmar on Daily Press Briefing by the Office of the Spokesperson for the Secretary-General

  • In daily press briefing on 7 February 2022, the Deputy Spokesperson for the Secretary-General Farhan Haq said that the UN Children’s Fund says it is deeply concerned over a growing wave of violence against children in Myanmar.

  • Haq remarked since the military takeover last 1 February, at least 114 children between the ages of 3 and 17 have been killed by security forces, including at least 18 children in January alone, and countless others have been injured or maimed.


အကြောင်းအရာ - ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ပြောရေးဆိုခွင့်ရှိသူရုံး၏ နေ့စဉ်သတင်းစာရှင်းလင်းပွဲမှမြန်မာနိုင်ငံနှင့်ပတ်သက်သည့် သဘောထားမှတ်ချက်။

နေ့ရက် - ၀၇/၀၂/၂၀၂၂

နေရာ - သတင်းစာရှင်းလင်းပွဲ

ပြောဆိုသူ - Farhan Haq (UNအထွေထွေအတွင်းရေးမှူးချုပ်၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ)

ပြောဆိုချက်များ - ကုလသမဂ္ဂကလေးသူငယ်များရန်ပုံငွေအဖွဲ့ကမြန်မာနိုင်ငံတွင်ကလေးသူငယ်များအပေါ်အကြမ်းဖက်မှုများ တိုးပွားလာနေခြင်းအပေါ် နက်ရှိုင်းစွာ စိုးရိမ်။ ပြီးခဲ့သော ဖေဖေါ်ဝါရီလ ၁ ရက်နေ့စစ်တပ်က အာဏာသိမ်းပြီးကတည်းကအသက်၃နှစ်မှ၁၇နှစ်ကြားကလေးငယ်၁၁၄ဦးထက်မနည်းလုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့သတ်ဖြတ်မှုကြောင့်သေဆုံးခဲ့။ဇန်န၀ါရီလတစ်လတည်းတွင် အနည်းဆုံး ကလေး ၁၈ ဦး သေဆုံးခဲ့ရပြီး မရေမတွက်နိုင်သော အခြားသူများလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


--------------------------------


Media Freedom Coalition statement on media freedom and safety of journalists in Myanmar

  • On 4 February 2022, the members (Australia, Austria, Canada, Costa Rica, the Czech Republic, Denmark, Estonia, Finland, Germany, Greece, Iceland, Ireland, Italy, Japan, Latvia, Lithuania, Luxembourg, the Maldives, the Netherlands, New Zealand, Portugal, Slovakia, Slovenia, Switzerland, Ukraine, the United Kingdom, the United States) of the Media Freedom Coalition released a statement expressing their deep concern with the military regime’s harassment and violent attacks against the people of Myanmar, including journalists and media workers. They said since the military coup on February 1, 2021, the Myanmar regime’s security forces continue to undermine media freedom and violate and abuse the human rights of journalists in the country.

  • The statement called on the Myanmar military regime to immediately cease violence, release all those unjustly detained, allow unhindered humanitarian access and end its obstruction of the right of people in Myanmar to freedom of expression, both online and offline, which includes the freedom to seek, receive and impart information.


အကြောင်းအရာ-မြန်မာနိုင်ငံရှိသတင်းမီဒီယာလွတ်လပ်ခွင့်နှင့်သတင်းသမားများ၏ဘေးကင်းရေးဆိုင်ရာအတွက် မီဒီယာလွတ်လပ်ခွင့် ညွန့်ပေါင်းအဖွဲ့၏ ထုတ်ပြန်ချက်။

နေ့ရက် - ၀၄/၀၂/၂၀၂၂

နေရာ - ကြေညာချက်

ပြောဆိုသူ - မီဒီယာလွတ်လပ်ခွင့် ညွန့်ပေါင်းအဖွဲ့ဝင်များ(သြစတေးလျ၊ သြစတြီးယား၊ ကနေဒါ၊ ကော်စတာရီကာ၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ အက်စ်တိုးနီးယား၊ ဖင်လန်၊ ဂျာမနီ၊ ဂရိ၊ အိုက်စလန်၊ အိုင်ယာလန်၊ အီတလီ၊ ဂျပန်၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ လူဇင်ဘတ်၊ မော်လ်ဒိုက်၊ နယ်သာလန်၊ နယူးဇီလန်၊ ပေါ်တူဂီ စလိုဗက်ကီးယား၊ ဆလိုဗေးနီးယား၊ ဆွစ်ဇာလန်၊ ယူကရိန်း၊ ယူကေး၊ အမေရိကန်)

ပြောဆိုချက်များ -

  • မီဒီယာလွတ်လပ်ခွင့်ညွန့်ပေါင်းအဖွဲ့မှသတင်းသမားများနှင့်မီဒီယာသမားများအပါအဝင်မြန်မာလူထုအပေါ်ရက်စက်ကြမ်းကြုတ်သောတိုက်ခိုက်မှုများနှင့်ပတ်သက်၍၎င်းတို့၏နက်ရှိုင်းသောစိုးရိမ်ပူပန်မှုကိုဖော်ပြသည့် ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

  • ၂၀၂၁ခုနှစ်ဖေဖော်ဝါရီ၁ရက်စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမြန်မာစစ်အစိုးရ၏လုံခြုံရေးတပ်ဖွဲ့များသည် မီဒီယာလွတ်လပ်ခွင့်ကို ဆက်လက် ချိုးနှိမ်ကာ နိုင်ငံအတွင်း သတင်းထောက်များ၏ လူ့အခွင့်အရေးကို ချိုးဖောက်ကာ အလွဲသုံးစားလုပ်နေသည်ဟု ၎င်းတို့က ဆိုသည်။

  • အဆိုပါထုတ်ပြန်ချက်တွင်မြန်မာစစ်အစိုးရကအကြမ်းဖက်မှုများကိုချက်ချင်းရပ်တန့်ရန်၊မတရားဖမ်းဆီးထားသူများအားလုံးကိုလွှတ်ပေးရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စများ အတွက် အဟန့်အတားမရှိဝင်င်ရောက်ခွင့်ပြုရန်၊မြန်မာနိုင်ငံတွင်လွတ်လပ်စွာသတင်းအချက်အလက်ရယူဖြန့်ဝေခြင်းနှင့်လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုမဟန့်တားရန်ပြောဆိုထား။


--------------------------------


Cambodia PM says he was mistaken about Australian's Myanmar release

  • Cambodian Prime Minister Hun Sen admitted an "unintentional mistake" on Monday in taking credit for helping to free an Australian in Myanmar whom the military government said was not being released.

  • Hun Sen, as chair of the ASEAN, had earlier said Turnell had been freed following his lobbying of Myanmar junta leader Min Aung Hlaing to let him go, at the request of Australia's foreign minister.


အကြောင်းအရာ-သြစတြေးလျနိုင်ငံသားရှောင်တာနယ်လွတ်မြောက်လာပြီဟူ၍မှားယွင်းစွာဖော်ပြမိ ကြောင်းကမ္ဘောဒီးယား ဝန်ကြီးချုပ်ပြောဆို။

နေ့ရက် - ၀၇/၀၂/၂၀၂၂

နေရာ - Facebook

ပြောဆိုသူ - ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်

ပြောဆိုချက်များ - ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာနိုင်ငံမှမှလွတ်မြောက်လာခြင်းမရှိသေးသည့် သြစတြေးလျနိုင်ငံသားရှောင်တာနယ်ကို ၎င်းမှမှလွတ်မြောက်အောင် ကူညီပေးခဲ့သည်ဟူ၍မရည်ရွယ်ဘဲ မှားယွင်စွာပြောကြားမိကြောင်းဝန်ခံခဲ့သည်။အစောပိုင်းတွင်ဟွန်ဆန်က၎င်း၏စည်းရုံးမှုကြောင့်စကစမှရှောင်တာနယ်ကိုသြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး၏ တောင်းဆိုချက်အတိုင်း လွှတ်ပေးခဲ့ဟု‌ပြောကြားခဲ့။


--------------------------------


Myanmar junta chief said ASEAN envoy can meet Suu Kyi party members - Cambodian minister

  • Myanmar military leader Min Aung Hlaing agreed to arrange for an ASEAN special envoy from Cambodia to meet members of the ousted ruling party on a future visit, a senior Cambodian official said on Monday.

  • Min Aung Hlaing did not identify which members of the NLD might be made available, said Kao Kim Hourn, a minister in Hun Sen's office who was part of the video meeting.



အကြောင်းအရာ- အာဆီယံအထူးကိုယ်စားလှယ်အားဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီဝင်တွေနဲ့တွေ့ဆုံနိုင်တယ်လို့မြန်မာစစ်အဏာသိမ်းခေါင်းဆောင်ကပြောကြားကြောင်းကမ္ဘောဒီးယားဝန်ကြီးပြောဆို။

နေ့ရက် - ၀၇/၀၂/၂၀၂၂

နေရာ - ဗီဒီယိုအစည်းအဝေး

ပြောဆိုသူ - Kao Kim Hourn (ကမ္ဘောဒီးယားဝန်ကြီး)

ပြောဆိုချက်များ - မြန်မာစစ် အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံမှအာဆီယံ အထူးကိုယ်စားလှယ်အားဖြုတ်ချခံထားရသောအာဏာရNLDပါတီဝင်များနှင့်တွေ့ဆုံနိင်ရန်သဘောတူညီခဲ့ကြောင်းကမ္ဘောဒီးယားအကြီးတန်းအရာရှိတစ်ဦးကတနင်္လာနေ့တွင်ပြောကြားခဲ့သည်။သို့သော်မင်းအောင်လှိုင်သည် မည်သည့် NLD ပါတီဝင်များ နှင့်တွေ့ခွင့်ရမည်ကိုထုတ်ဖော်ပြောကြားခြင်းမရှိခဲ့။


--------------------------------


Singapore Calls on Burma to Release All Political Detainees

  • On the anniversary of the military coup in Burma, Singapore’s Ministry of Foreign Affairs (MFA) urged the Burmese military authorities to follow through on the ASEAN Five-Point Consensus and release all political and foreign prisoners.


အကြောင်းအရာ- နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ပြန်လွှတ်ပေးရန် စင်္ကာပူက မြန်မာနိုင်ငံကို တောင်းဆို။

နေ့ရက် - ၀၇/၀၂/၂၀၂၂

နေရာ - ကြေညာချက်

ပြောဆိုသူ - စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာန (MFA)

ပြောဆိုချက်များ - မြန်မာစစ်အာဏာသိမ်းမှု နှစ်ပတ်လည်နေ့တွင် စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာန (MFA) မှမြန်မာအာဏာသိမ်းစစ်ကောင်စီအားအာဆီယံသဘောတူညီချက်(၅)ချက်ကိုလိုက်နာရန်နှင့်နိုင်ငံရေးနှင့်ပြည်ပအကျဉ်းသားများအားလုံးကို လွှတ်ပေးရန် တိုက်တွန်း။


--------------------------------


No plans to tighten Myanmar sanctions: Australia

  • The Australian government has no plans to follow the US and tighten sanctions against Myanmar (Burma) despite the withdrawal of Australian independent Woodside Petroleum last month from Myanmar over the worsening political situation in the country.

  • "Australia strongly supports Asean's leadership and efforts of the special envoy of the Asean chair on Myanmar. We urge the military to honour its commitment to implement Asean's five-point consensus," Australian foreign minister Marise Payne said in a statement.


အကြောင်းအရာ-မြန်မာနိုင်ငံအပေါ်ပိတ်ဆို့အရေးယူတင်းကျပ်မှုများပြုလုပ်ရန်အစီအစဉ်မရှိဟုသြစတြေးလျပြောဆို။

နေ့ရက် - ၀၇/၀၂/၂၀၂၂

နေရာ - ကြေညာချက်

ပြောဆိုသူ - သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne


ပြောဆိုချက်များ - နိုင်ငံရေးအခြေအနေ ဆိုးရွားလာမှုကြောင့် သြစတြေးလျ Woodside Petroleum မှ လွန်ခဲ့သည့်လကမြန်မာနိုင်ငံမှနုတ်ထွက်ခဲ့သော်လည်းသြစတြေးလျအစိုးရသည်အမေရိကန်၏လမ်းစဉ်အတိုင်းမြန်မာနိုင်ငံအပေါ်ပိတ်ဆို့အရေးယူမှုများတင်းကြပ်ရန်အစီအစဉ်မရှိ။ဆက်လက်ပြီးသြစတေးလျကအာဆီယံရဲ့ ဦးဆောင်မှုနဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌရဲ့ အထူးသံတမန်ရဲ့ ကြိုးပမ်းမှုတွေကို အခိုင်အမာ ထောက်ခံပြီးအာဆီယံ၏ သဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရန် ၎င်း၏ ကတိကဝတ်များကို လေးစားလိုက်နာရန် တပ်မတော်အား တိုက်တွန်း။


--------------------------------


ICJ should not accept junta as rep of Myanmar in genocide case in The Hague

  • The International Court of Justice (ICJ) should not accept the Myanmar military junta as the representative of Myanmar in the ongoing genocide case in The Hague, said Legal Action Worldwide, Fortify Rights, and the Myanmar Accountability Project in a letter to the president of the Court.

  • Hearings in the Rohingya genocide case are scheduled to commence in The Hague on February 21, 2022.


အကြောင်းအရာ- The Hague မှာ လူမျိုးတုံး သတ်ဖြတ်မှု ကိစ္စနဲ့ ပတ်သက်ပြီး ICJ က စကစကို မြန်မာနိုင်ငံ ကိုယ်စားလှယ် အဖြစ် လက်မခံသင့် ။

နေ့ရက် - ၀၇/၀၂/၂၀၂၂

နေရာ - တရားရုံး ဥက္ကဋ္ဌထံ ပေးစာ

ပြောဆိုသူ - Legal Action Worldwide, Fortify Rights, and the Myanmar Accountability Project

ပြောဆိုချက်များ - The Hague မြို့၌ ဖေဖော်ဝါရီ ၂၁ ရက်၊ ၂၀၂၂ ခုနှစ်တွင်ပြုလုပ်ရန်စဉ်ထားသည့်ရို

ဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကြားနာစစ်ဆေးမှုတွင် ICJ အနေဖြင့် စစကစကို မြန်မာနိုင်ငံ ကိုယ်စားလှယ် အဖြစ် လက်မခံသင့်ကြောင်း Legal Action Worldwide, Fortify Rights, နှင့် the Myanmar Accountability Projectအဖွဲ့တို့မှပြောဆို။


--------------------------------


Military-linked companies procured USD millions in arms and military equipment

  • Recently leaked documents and shipping records provide evidence of the involvement of the International Gateways Group of Companies Limited (IGG), Myanmar Consultancy Company Limited (MCC) and Myanmar New Era Trading Company in arms procurement for the Myanmar military worth millions in US dollars.

  • These companies are controlled by a small group of individuals linked to the Myanmar military, with a long history of supplying arms and other military equipment.


အကြောင်းအရာ- မြန်မာနိင်ငံရှိစစ်ဘက်ဆိုင်ရာ ဆက်စပ်ကုမ္ပဏီများသည် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ တန် စစ်လက်နက်ပစ္စည်းများကို ၀ယ်ယူခဲ့သည်။

နေ့ရက် - ၀၇/၀၂/၂၀၂၂

နေရာ - Justice For Myanmar Website

ပြောဆိုသူ - Justice For Myanmar

ပြောဆိုချက်များ-မကြာသေးမီကထွက်ပေါ်ပေါက်ကြားခဲ့သောစာရွက်စာတမ်းများနှင့်ကုန်သွယ်မှုမှတ်တမ်းများအရမြန်မာစစ်တပ်အတွက် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာတန်ဖိုးရှိ လက်နက်ဝယ်ယူရေးတွင် International Gateways Group of Companies Limited (IGG)၊ Myanmar Consultancy Company Limited(MCC)နှင့်MyanmarNewEraTradingကုမ္ပဏီတို့ပါဝင်ပတ်သက်ကြောင်းအထောက်အထားများရရှိထား။ဤကုမ္ပဏီများကိုလက်နက်နှင့်အခြားစစ်လက်နက်ပစ္စည်းများပံ့ပိုးပေးနေသည့်သမိုင်းကြောင်းရှည်စွာ မြန်မာစစ်တပ်နှင့် ဆက်စပ်နေသော လူပုဂ္ဂိုလ်အုပ်စုငယ်တစ်စုက ထိန်းချုပ်ထားသည်။


--------------------------------


Daily Briefing in Relation to the Military Coup

  • As of February 7, (1526) people are now confirmed killed by this junta coup. AAPP compiled and documented (7) fallen heroes today. These (7) fallen heroes from Kani Township and Kalay Township in Sagaing Region, Nahtogyi Township in Mandalay Region, Gyobingauk Township in Bago Region and Kyimyindine Township in Yangon Region were killed on previous days and documented today. This is the number verified by AAPP.

  • As of February 7, a total of (9006) people are currently under detention. (675) people have been sentenced in person, of them 45 have been sentenced to death (incl. 2 children). 1974 are evading arrest warrants. 118 people have been sentenced in absentia, of them 39 sentenced to death in absentia. In total 84 sentenced to death, in person and absentia.


အကြောင်းအရာ- စစ်တပ်အာဏာသိမ်းမှုနှင့် စပ်လျဉ်းသည့် နေ့စဉ် ရှင်းလင်းတင်ပြချက်။

နေ့ရက် - ၀၇/၀၂/၂၀၂၂

နေရာ - အစီရင်ခံစာ (AAPP)

ပြောဆိုသူ - AAPP

ပြောဆိုချက်များ -

  • ဖေဖေါ်ဝါရီလ (၇) ရက်နေ့အထိ စစ်အစိုးရအာဏာသိမ်းမှုကြောင့် လူပေါင်း (၁၅၂၆) ဦး သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့။ AAPP မှ စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ ကလေးမြို့နယ်၊ မန္တလေးတိုင်း နာဂကြီးမြို့နယ်၊ ပဲခူးတိုင်း ဘော်ပင်ဆောင်မြို့နယ်နဲ့ ရန်ကုန်တိုင်း ဒေသကြီး ကြည့်မြင်တိုင်မြို့နယ်တို့မှာ ကျဆုံးခဲ့တဲ့ သူရဲကောင်း (၇) ဦးကို ဒီကနေ့ မှတ်တမ်းတင်ခဲ့။

  • ဖေဖော်ဝါရီ(၇)ရက်နေ့အထိစုစုပေါင်း(၉၀၀၆)ဦးဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရ။လူ(၆၇၅)ဦးပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး ၎င်းတို့အနက်(ကလေး ၂)ဦး အပါအဝင်(၄၅)ဦးသေဒဏ်ချမှတ်ခံရ။(၁၉၇၄) ဉီးဖမ်းဝရမ်းထုတ်တာကို ရှောင်နေရ။မျက်ကွယ်တွင် ထောင်ဒဏ် ၁၁၈ ဦး ချမှတ်ခဲ့ရပြီး ၎င်းတို့အနက် ၃၉ ဦး မျက်ကွယ်တွင် သေဒဏ်ချမှတ်ခံခဲ့ရသည်။စုစုပေါင်း ၈၄ ဦးသေဒဏ်ချမှတ်ခံခဲ့ရသည်။


--------------------------------












51 views0 comments

Recent Posts

See All
bottom of page