top of page
  • Writer's pictureCRPH Norway

Brief News (12 Jan 2021)



Office of the Spokesperson for the Secretary-General said about Myanmar

In the daily press briefing on 11 January 2022, the Spokesperson for the Secretary-General Mr. Stéphane Dujarric said in regards with Myanmar that UNICEF also condemns the killing of at least four children and the maiming of multiple others during an escalation of conflict in the past week.He mentioned that the agency is gravely concerned by the stepped-up conflict in Myanmar and condemns the reported use of air strikes and heavy weaponry in civilian areas and is particularly outraged about attacks on children.

Posted on 11 January 2022

Source:https://www.un.org/press/en/2022/db220111.doc.htm


အကြောင်းအရာ - အထွေထွေအတွင်းရေးမှူးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ၏ မြန်မာနိုင်ငံနဲ့ ပတ်သက်သည့် ပြောကြားချက်။

နေ့ရက် - ၁၁/၀၁/၂၀၂၂

နေရာ - သတင်းစာရှင်းလင်းပွဲ

ပြောဆိုသူ - ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ မစ္စတာစတယ်ဖနီဒူဂျာရစ် (Mr. Stéphane Dujarric)

ပြောဆိုချက်များ - မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်းက ပဋိပက္ခများ ပြင်းထန်လာစဉ်အတွင်း အနည်းဆုံး ကလေး လေးဦး အသတ်ခံရမှုနှင့် အခြားသူများ အများအပြား ဒဏ်ရာရခဲ့မှုကို UNICEF အဖွဲ့ကလည်း ရှုတ်ချခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ပဋိပက္ခများ ပိုမိုဖြစ်ပွားလာသည့်အတွက် အထွေထွေအတွင်းရေးမှူးချုပ်ရုံးက စိုးရိမ်ပူပန်နေပြီး၊ အရပ်ဘက်ဒေသများတွင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးများအသုံးပြုမှုကို ရှုတ်ချပါသည်။ အထူးသဖြင့် ကလေးသူငယ်များအပေါ် တိုက်ခိုက်မှုအပေါ် ဒေါသထွက်လျက်ရှိသည်။

Source:https://www.un.org/press/en/2022/db220111.doc.htm


 

UNICEF condemns killing of at least four children during escalation of conflict in Myanmar

On 11 January 2022, UNICEF issued a Statement condemning the killing of at least four children, and the maiming of multiple others, during an escalation of conflict over the past week in Myanmar.The Statement urged that Parties to conflict must treat the protection of children as a foremost priority and must take all steps necessary to ensure that children are kept away from fighting and that communities are not targeted, and this is required by international humanitarian law and the Convention on the Rights of the Child, to which Myanmar is a signatory.The Statement stated that UNICEF calls for urgent action to ensure independent investigation of these incidents, so that those responsible can be held to account.

Posted on 11 January 2022

Source:https://reliefweb.int/report/myanmar/unicef-condemns-killing-least-four-children-during-escalation-conflict-myanmar


အကြောင်းအရာ - မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ အရှိန်မြင့်လာချိန်မှာ အနည်းဆုံး ကလေး

၄ယောက် အသတ်ခံရခြင်းအပေါ် ယူနီဆက်က ရှုတ်ချ။

နေ့ရက် - ၁၁/၀၁/၂၀၂၂

နေရာ - ယူနီဆက်၏ထုတ်ပြန်ချက်

ပြောဆိုသူ - ယူနီဆက်

ပြောဆိုချက်များ -

မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ပဋိပက္ခများ ပြင်းထန်လာစဉ် အနည်းဆုံး ကလေး လေးဦး အသတ်ခံရမှုနှင့် အခြားသူများ အများအပြား ထိခိုက်ဒဏ်ရာရခဲ့မှုအပေါ် UNICEF က ရှုတ်ချသည်။

မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးထားသည့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေနှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်အရ ပဋိပက္ခဖြစ်ပွားနေသော အဖွဲ့အားလုံးသည် ကလေးသူငယ်များအား အကာအကွယ်ပေးရေးကို အဓိကဦးစားပေးအဖြစ် သဘောထားကာ၊ ကလေးသူငယ်များအား တိုက်ခိုက်ခြင်းမှ ကင်းဝေးစေပြီး၊ ရပ်ရွာများကို ပစ်မှတ်မထားကြောင်း သေချာစေရန်အတွက် လိုအပ်သောခြေလှမ်းများအားလုံးကို လုပ်ဆောင်ရမည်ဖြစ်သည်။

အဆိုပါဖြစ်ရပ်များကို ကျူးလွန်သူများအား မှတ်တမ်းတင်နိုင်ရန် သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးမှုကို အရေးတကြီး လုပ်ဆောင်ရန် တောင်းဆိုသည်။

Source:https://reliefweb.int/report/myanmar/unicef-condemns-killing-least-four-children-

during-escalation-conflict-myanmar


 

Statement by the EU Spokesperson on the latest sentencing of State Counsellor Daw

Aung San Suu Kyi

On 11 January 2022, a special court set up by the Myanmar State Administrative Council in Naypyitaw sentenced detained State Counsellor Daw Aung San Suu Kyi to an additional four years‘ imprisonment.

The EU‘s position, as expressed in its Declaration of 6 December 2021 remains that the trial was politically motivated, and it represents another step towards the dismantling of the rule of law and a further blatant violation of human rights in Myanmar and yet another major setback for democracy in Myanmar since the military coup on 1 February 2021.

The EU's statement said that these proceedings are a clear attempt to exclude democratically elected leaders, including Aung San Suu Kyi and the National League for Democracy, from the inclusive dialogue process called for by ASEAN‘s Five Point Consensus.

Posted on 11 January 2022

Source:https://eeas.europa.eu/headquarters/headquartershomepage/109520/myanmarburma-statement-spokesperson-latest-Sentencing-state-counsellor-daw-aung-san-suukyi_en?fbclid=IwAR26692u0vZI8jqu7ZoxdPy6pLokw8DBZDNEwXR42j9K0ou_HlwM3_LB3d0


အကြောင်းအရာ - နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ်နောက်ဆုံး စီရင်ချက်ချခြင်းနှင့်ပတ်သက်၍ EU ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်။

နေ့ရက် - ၁၁/၀၁/၂၀၂၂

နေရာ - သတင်းစာရှင်းလင်းပွဲ

ပြောဆိုသူ - EU ပြောရေးဆိုခွင့်ရှိသူ

ပြောဆိုချက်များ -

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိ အထူးတရားရုံးက ထောင်ဒဏ် ၄ နှစ် ထပ်မံချမှတ်လိုက်သည်။ ဤကိစ္စအပေါ် အီးယူ၏ ရပ်တည်ချက်မှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၆ ရက် ကြေငြာချက်တွင် ဖော်ပြထားသည့်အတိုင်း ထိုတရားစီရင်မှုသည် နိုင်ငံရေးအရ တွက်ချက်ဆောင်ရွက်မှုသာဖြစ်ပြီး၊ တရားဥပဒေစိုးမိုးရေးကို ဖျက်သိမ်းရန်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်း ဆက်လက် ကျူးလွန်ရန် ရည်ရွယ်ခြင်းကို ပြဆိုနေပါသည်။ ဤဖြစ်ရပ်သည် စစ်အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီလ တရက်နေ့ နောက်ပိုင်းတွင် မြင်တွေ့ရသည့် ဒီမိုကရေစီရေးဆိုင်ရာ ဆုတ်ယုတ်မှုကြီးတရပ် ဖြစ်သည်။ အဆိုပါ အမိန့်ချမှတ်မှုသည် အာဆီယံ၏ ဘုံမူဝါဒ ငါးချက်ထဲတွင် တောင်းဆိုထားသော အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်မှ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသော ခေါင်းဆောင်များကို ဖယ်ထုတ်ရန် ထင်ရှားသောကြိုးပမ်းမှုဖြစ်သည်။

Source:https://eeas.europa.eu/headquarters/headquartershomepage/109520/myanmarburma-statement-spokesperson-latest-Sentencing-state-counsellor-daw-aung-san-suukyi_en?fbclid=IwAR26692u0vZI8jqu7ZoxdPy6pLokw8DBZDNEwXR42j9K0ou_HlwM3_LB3d0


 

Norwegian Foreign Minister condemns sentencing of Aung San Suu Kyi

Norwegian Minister of Foreign Affairs Anniken Huitfeldt said that she condemns State Counsellor Aung San Suu Kyi‘s sentencing to four years in prison. The military regime is using the judicial system to silence political opponents and crush the National League for Democracy, she added.

Posted on 10 January 2022

Source:https://www.regjeringen.no/en/aktuelt/condemns_sentencing/id2895172/


အကြောင်းအရာ - နော်ဝေနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်အပေါ် စီရင်ချက်ချတာကို ရှုတ်ချ။

နေ့ရက် - ၁၀/၀၁/၂၀၂၂

နေရာ - သတင်းစာရှင်းလင်းပွဲ

ပြောဆိုသူ - နော်ဝေ နိုင်ငံခြားရေး ၀န်ကြီး Anniken Huitfeldt

ပြောဆိုချက်များ - နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် လေးနှစ် ချမှတ်ခြင်းအား ရှုတ်ချကြောင်း နော်ဝေ နိုင်ငံခြားရေးဝန်ကြီး Anniken Huitfeldt က ပြောကြားခဲ့သည်။ စစ်အစိုးရသည် နိုင်ငံရေး အတိုက်အခံများကို နှုတ်ပိတ်ကာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ချေမှုန်းရန်အတွက် တရားစီရင်ရေးစနစ်ကို အသုံးပြုနေသည်။

Source: https://www.regjeringen.no/en/aktuelt/condemns_sentencing/id2895172/


 

Norwegian Nobel Committee slams ‘politically motivated’ Suu Kyi convictions

The Norwegian Nobel Committee has assailed the news of three new convictions handed down on 10 January against Myanmar‘s ousted leader Aung San Suu Kyi.

The Norwegian Nobel Committee slams the verdict as 'politically motivated‘ and Norway‘s Foreign Minister Anniken Huitfeldt believes the Security Council, in general, has failed.

Posted on 12 January 2022

Source:https://scandasia.com/norwegian-nobel-committee-slams-politically-motivated-suu-kyi-convictions/


အကြောင်းအရာ - နော်ဝေနိုဘယ်လ်ကော်မတီက ဒေါ်

အောင်ဆန်းစုကြည်အပေါ် ဖြစ်ဒဏ်ချမှတ်မှုအား ပြစ်တင်ရှုတ်ချ။

နေ့ရက် - ၁၂/၀၁/၂၀၂၂

နေရာ - သတင်းစာရှင်းလင်းပွဲ

ပြောဆိုသူ - နော်ဝေနိုဘယ်ကော်မတီ

ပြောဆိုချက်များ - ဇန်နဝါရီ ၁၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်အပေါ် စီရင်ချက်အသစ် ၃ ခု ချမှတ်လိုက်သည့် သတင်းကို နော်ဝေနိုဘယ်ကော်မတီကအပြင်းအထန် ဝေဖန်ခဲ့သည်။ အဆိုပါစီရင်ချက်ကို နိုင်ငံရေးအရ တွက်ချက်ဆောင်ရွက်မှုဟု ရှုတ်ချလိုက်ပြီး၊ နော်ဝေနိုင်ငံခြားရေးဝန်ကြီး Anniken Huitfeldt ကလည်း လုံခြုံရေးကောင်စီသည် ယေဘုယျအားဖြင့် (မြန်မာပြည် အရေးတွင်) အောင်မြင်မှုမရှိ ဖြစ်နေသည်ဟု ယုံကြည်နေပါသည်။

Source:https://scandasia.com/norwegian-nobel-committee-slams-politically-motivated-suu-kyi-convictions/


 

Statement of Ministry of Foreign Affairs of France on State Counsellor Aung San Suu

Kyi’s sentencing

On 10 January 2022, Ministry of Foreign Affairs of France issued a Statement condemning the prison sentence imposed on the State Counsellor, Daw Aung San Suu Kyi, and it said this travesty of justice undermines this worrying political situation.

The Statement said that as underlined by the European Union and its Member States on the 6th of December, 2021, the resolution to the crisis in Myanmar requires a political dialogue involving all parties to the conflict, the immediate cessation of attacks perpetrated by the military against civilian populations as observed in Kayah, Kayin or Chin States and the unconditional release of all political prisoners detained since the 1st February, 2021.

In the Statement, it said that France continues to fully support ASEAN in order to implement the 5 points consensus, which encompasses the implementation of a broad political dialogue.

Posted on 10 January 2022

Source:https://www.diplomatie.gouv.fr/fr/dossiers-pays/birmanie/evenements/article/

birmanie-la-france-condamne-la-nouvelle-peine-de-prison-infligee-a-la


အကြောင်းအရာ - နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စပ်လျဉ်း၍ ပြင်သစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်။

နေ့ရက် - ၁၀/၀၁/၂၀၂၂

နေရာ - ပြင်သစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်

ပြောဆိုသူ - ပြင်သစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန

ပြောဆိုချက်များ -

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ်ချမှတ်ခြင်းအား ပြင်သစ်နိုင်ငံခြားရေးဌာနက ရှုတ်ချကြောင်းနှင့်​ တရားမျှတမှုမရှိခြင်းသည် စိုးရိမ်စရာ ကောင်းနေသည့် နိုင်ငံရေးအခြေအနေကို ပိုမိုပျက်ယွင်းစေသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင်းအကျပ်အတည်းဖြေရှင်းရာတွင် ပဋိပက္ခဖြစ်ပွားနေသည့် ပါတီအားလုံးပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်မြောက်ရန်၊ ကယား၊ ကရင်နှင့် ချင်းပြည်နယ်တို့တွင် အရပ်သားများအပေါ် တပ်မတော်က ကျူးလွန်သည့် တိုက်ခိုက်မှုများကို ချက်ခြင်း ရပ်ဆိုင်းရန်နှင့် ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၁ ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန် လိုအပ်သည်။

ပြင်သစ်နိုင်ငံသည် ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် အာဆီယံကို အပြည့်အဝ ထောက်ခံအားပေးလျက်ရှိသည်။

Source:https://www.diplomatie.gouv.fr/fr/dossiers-pays/birmanie/evenements/article/birmanie-la-france-condamne-la-nouvelle-peine-de-prison-infligee-a-la


 

Discussions about Myanmar in the Meeting between Cambodian Deputy Prime

Minister and UK Minister for Asia

On 11 January 2021, the Deputy Prime Minister, Minister of Foreign Affairs and International Cooperation of Cambodia PRAK Sokhonn and the Minister for Asia of Foreign, Commonwealth and Development Office of the UK Rt. Hon Amanda Milling MP, discussed on the development of Myanmar.

In the meeting, the Cambodian Minister PRAK Sokhonn informed the UK Minister Amanda Milling MP that the primary aim and outcomes of the visit of Samdech Techo Prime Minister Hun Sen to Myanmar on 7-8-January 2022.

Posted on 12 January 2022

Source:https://mfaic.gov.kh/posts/2022-01-12-Press-Release-Outcomes-of-the-Meeting-between-His-Excellency-PRAK-Sokhonn--Deputy-Prime-Minister--Minister-of-Fore-19-43-43


အကြောင်းအရာ - ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့်အာရှရေးရာဝန်ကြီးယူကေဝန်ကြီးတို့ တွေ့ဆုံရာတွင် ဆွေးနွေးခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ဆွေးနွေးချက်များ။

နေ့ရက် - ၁၂/၀၁/၂၀၂၂

နေရာ - တွေ့ဆုံဆွေးနွေးပွဲ

ပြောဆိုသူများ - ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ပရက်ခ်ဆိုခွန်နှင့်ဗြိတိန်နိုင်ငံ နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်ရေးရုံး အာရှရေးရာဝန်ကြီး Rt. Hon Amanda Milling (ပါလီမန်အမတ်)

ပြောဆိုချက်များ -

ကမ္ဘောဒီးယားဝန်ကြီး ပရက်ခ်ဆိုခွန် မှ UK ဝန်ကြီး Amanda Milling (MP) အား ၂၀၂၂ ခုနှစ် ဇန်န၀ါရီလ ၇ ရက်နှင့် ၈ ရက်တို့တွင် ဝန်ကြီးချုပ်ဟွန်ဆန်သွားရောက်ခဲ့သည့် မြန်မာပြည်ခရီးစဉ်၏ အဓိကရည်ရွယ်ချက်နှင့် ရလာဒ်များကို ပြောကြားခဲ့သည်။

Source:https://mfaic.gov.kh/posts/2022-01-12-Press-Release-Outcomes-of-the-Meeting-between-His-Excellency-PRAK-Sokhonn--Deputy-Prime-Minister--Minister-of-Fore-19-43-43


 

Meeks Issues Statement on the Recent Conviction and Sentencing of Aung San

Suu Kyi

On 10 January 2022, Representative Gregory W. Meeks, Chair of the House Foreign Affairs Committee, issued a statement regarding the recent conviction and sentencing of Aung San Suu Kyi.

He condemned the fraudulent sentencing of Aung San Suu Kyi, the democratically elected State Counsellor of Burma, the politically motivated charges against her and this latest conviction are the height of farce, but Aung San Suu Kyi is just the most prominent figure that has been unjustly detained.

Posted on 10 January 2022

Source:https://foreignaffairs.house.gov/2022/1/meeks-issues-statement-on-the-recent-conviction-and-sentencing-of-aung-san-suu-kyi


အကြောင်းအရာ - ဒေါ်အောင်ဆန်းစုကြည်အားမကြာသေးမီကစီရင်ချက်ချခြင်းကပေါ် အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဌ Meeks ၏ သဘောထားထုတ်ပြန်ချက်။

နေ့ရက် - ၁၀/၀၁/၂၀၂၂

နေရာ - သဘောထားထုတ်ပြန်ချက်

ပြောဆိုသူ - အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဌ Gregory W. Meeks

ပြောဆိုချက်များ - ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးအရ တွက်ချက်ချမှတ်သည့် စွပ်စွဲချက်များနှင့် အခု နောက်ဆုံး ပြစ်ဒဏ်ချမှတ်မှုတို့သည် ပြင်းထန်လွန်းလှသည်။

Source:https://foreignaffairs.house.gov/2022/1/meeks-issues-statement-on-the-recent-conviction-and-sentencing-of-aung-san-suu-kyi


 

Ambassador Linda Thomas-Greenfield tweeted about the Meeting with UN Special Envoy on Myanmar Dr. Noeleen Heyzer

The ambassador remarked in her tweet that the U.S. will continue to work with the international community to press for a restoration of Burma's path to peace and democracy, implementation of ASEAN's Five Point Consensus, and safe, unhindered humanitarian access.

Posted on 10 January 2022

Source: Ambassador Linda Thomas-Greenfield’s Twitter


အကြောင်းအရာ - သံအမတ်ကြီး Linda Thomas-Greenfield က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် ဒေါက်တာ Noeleen Heyzer နဲ့ တွေ့ဆုံမှုအကြောင်း တွစ်တာတွင် ရေးသားထား။

နေ့ရက် - ၁၀/၀၁/၂၀၂၂

နေရာ - Twitter

ရေးသားသူ - သံအမတ်ကြီး Linda Thomas-Greenfield

ရေးသားချက်များ -

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီလမ်းကြောင်း ပြန်လည် ဖေါ်ဆောင်ရေးအတွက် အမေရိကန်ပြည်ထောင်စုအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့်ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်​သည်။

အာဆီယံ၏ ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ရန်နှင့် ဘေးကင်းပြီး အဟန့်အတားမရှိသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စများ ရောက်ရှိစေနိုင်ရန် ဖိအားပေးသွားမည်။

Source: Ambassador Linda Thomas-Greenfield’s Twitter


 

Japan Praises Hun Sen’s Visit to Myanmar as Bringing ‘Progress’

Japanese Foreign Minister Yoshimasa Hayashi commended a recent visit by Cambodian leader Hun Sen to Myanmar, which was the first by a foreign leader since the military coup in February.Japan‘s support of Cambodia‘s growing engagement with the junta since it assumed the rotating chair of the Association of Southeast Asian Nations signals that some U.S. allies were uneasy with shutting out Myanmar for fear this would draw the country closer to China.

Posted by Bloomberg on 12 January 2022

Source:Japan Praises Hun Sen’s Visit to Myanmar as Bringing ‘Progress’ - Bloomberg


အကြောင်းအရာ - ဟွန်ဆန်၏ မြန်မာနိုင်ငံ ခရီးစဉ်သည် တိုးတက်မှုကို ယူဆောင်လာသည်ဟု ဂျပန် ချီးကျူး။

နေ့ရက် - ၁၂/၀၁/၂၀၂၂

နေရာ - သတင်းစာရှင်းလင်းပွဲ

ပြောဆိုသူ - ဂျပန် နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာယာရှီ

ပြောဆိုချက်များ -

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာယာရှီက ကမ္ဘောဒီးယားခေါင်းဆောင် ဟွန်ဆန်၏ မြန်မာနိုင်ငံသို့ မကြာသေးမီက သွားရောက်လည်ပတ်မှုအား ချီးကျူးပြောဆိုခဲ့သည်။ ထိုခရီးစဉ်သည် ဖေဖော်ဝါရီလက စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးသော နိုင်ငံခြားခေါင်းဆောင်တစ်ဦး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ခရီးစဉ်ဖြစ်သည်။အရှေ့တောင်အာရှနိုင်ငံများအသင်း၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူချိန်ကစ၍ ကမ္ဘောဒီးယားအစိုးရနှင့် မြန်မာအာဏာသိမ်းစစ်ကောင်စီ၏ ကြီးထွားလာနေသော ထိတွေ့ဆက်ဆံမှုအပေါ် ဂျပန်၏ထောက်ခံမှုသည် အမေရိကန်၏ မဟာမိတ်အချို့က မြန်မာနိုင်ငံအား တရုတ်နိုင်ငံနှင့် ပိုမိုနီးကပ်စေမည်ကို စိုးရိမ်ကြောင်း ပြသနေခြင်း ဖြစ်သည်။

Source: Japan Praises Hun Sen’s Visit to Myanmar as Bringing ‘Progress’ - Bloomberg


 

ASEAN postpones foreign ministers’ meeting amid divide over Myanmar’s military rulers

Cambodia's year-long chairmanship of the ASEAN has got off to a rocky start, after it indefinitely postponed an upcoming foreign ministers' meeting amid signs of a deep divide in the bloc over the handling of Myanmar‘s military rulers.

The Cambodian foreign ministry said the January 19 retreat expected to be held in the resort town of Siem Reap had to be postponed as several ministers had difficulty attending the talks in person.

A new date for the meeting was not set.

Posted by South China Morning Post on 12 January 2022

Source: Asean postpones foreign ministers’ meeting amid divide over Myanmar’s military rulers (msn.com)


အကြောင်းအရာ - မြန်မာနိုင်ငံနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများကြောင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်သည်။

နေ့ရက် - ၁၂/၀၁/၂၀၂၂

သတင်းတင်ထားသည့်နေရာ - South China Morning Post

ရေးသားချက်များ - အာဆီယံဥက္ကဋ္ဌရာထူးကို ကမ္ဘောဒီးယားနိုင်ငံက တစ်နှစ်တာ လွှဲပြောင်းရယူပြီးနောက် ပထမဦးဆုံး ပြုလုပ်မည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ရသည်။ ဤဖြစ်ရပ်သည် မြန်မာစစ်အာဏာရှင်များအား ဆက်ဆံမှုနှင့်ပတ်သက်၍ အာဆီယံအဖွဲ့အတွင်း နက်ရှိုင်းစွာ သဘောထားကွဲလွဲနေသည်ကို ပြဆိုလျက်ရှိသည်။ အစည်းအဝေးအတွက် ရက်စွဲအသစ်ကို

သတ်မှတ် မထားရသေးပါ။

Source:Asean postpones foreign ministers’ meeting amid divide over Myanmar’s military rulers (msn.com)


 

Japan firms keep, expand business in Myanmar even after coup

About 70 percent of Japanese companies investing in Myanmar will either maintain or expand their operations in the Southeast Asian country in a year or two despite the severe hit to its economy from last year's military coup and the coronavirus pandemic, according to a Japan External Trade Organization report.

Kyodo news posted on 10 January 2022

Source:https://news.abs-cbn.com/business/01/10/22/japan-firms-keep-expand-business-in-myanmar-even-after-coup


အကြောင်းအရာ - အာဏာသိမ်းပြီးသည့်တိုင် ဂျပန်ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လျက်ရှိ။

နေ့ရက် - ၁၀/၀၁/၂၀၂၂

သတင်းတင်ထားသည့်နေရာ - Kyodo News

ရေးသားချက်များ - စစ်အာဏာသိမ်းမှုနှင့် ကိုရိုနာဗိုင်းရပ် ကပ်ဘေးကြောင့် ၎င်းတို့၏စီးပွားရေးကို ပြင်းထန်စွာ ထိခိုက်ခဲ့သော်လည်း၊ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် ဂျပန်ကုမ္ပဏီများ၏ ၇၀ ရာခိုင်နှုန်းခန့်သည် မြန်မာနိုင်ငံရှိ ၎င်းတို့၏ လုပ်ငန်းများကို တစ်နှစ် သို့မဟုတ် နှစ်နှစ်တာ ကာလအတွက် ဆက်လက်ထိန်းသိမ်းထားခြင်း သို့မဟုတ် တိုးချဲ့သွားခြင်းတို့ကို ပြုလုပ်မည်ဖြစ်​​ကြောင်း ဂျပန်ပြည်ပကုန်သွယ်ရေးအဖွဲ့၏ ​အစီရင်ခံစာအရ သိရသည်။

Source:https://news.abs-cbn.com/business/01/10/22/japan-firms-keep-expand-business-in-myanmar-even-after-coup


 

What to expect from Europe-ASEAN relations in 2022

In his end-of-year "review" for 2021, EU foreign policy chief Josep Borrell set a positive note on the bloc's relationship with Southeast Asian countries.

Lay Hwee Yeo, director of the EU Center in Singapore, told DW that Southeast Asia is

now a key region as the EU seeks to increase its influence in global affairs.

However, difficulties lie ahead. David Camroux, a Southeast Asia specialist at Sciences Po, noted that the Myanmar crisis will continue to be a source of strain in 2022, especially if the military junta that seized power in last year's coup continues with violence against civilians.

DW news posted on 12 January 2022

Source:https://www.dw.com/en/what-to-expect-from-europe-asean-relations-in-2022/a-60396659


အကြောင်းအရာ - ၂၀၂၂ ခုနှစ်တွင် ဥရောပ-အာဆီယံ ဆက်ဆံရေးမှ ပေါ်ထွက်လာနိုင်သည့် မျှော်လင့်ချက်။

နေ့ရက် - ၁၂/၀၁/၂၀၂၂

သတင်းတင်ထားသည့်နေရာ - DW News

ရေးသားချက်များ -

EU နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ Josep Borrell သည် ၂၀၂၁ ခုနှစ်အတွက် ၎င်း၏ နှစ်ကုန်ပိုင်း သုံးသပ်ချက်တွင် EU အဖွဲ့နှင့် အရှေ့တောင်အာရှနိုင်ငံများ၏ ဆက်ဆံရေးအပေါ် အပြုသဘောဆောင်သော မှတ်ချက်တစ်ခု ချမှတ်ခဲ့သည်။

EU သည် ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စများတွင် ၎င်း၏ သြဇာလွှမ်းမိုးမှုကို တိုးမြှင့်ရန် ကြိုးပမ်းလျက်ရှိရာ၊ အရှေ့တောင်အာရှသည် ယခုအခါ အရေးပါသော ဒေသတစ်ခုဖြစ်လာကြောင်း စင်ကာပူရှိ EU Center ၏ ဒါရိုက်တာ Lay Hwee Yeo က DW သို့ ပြောကြားသည်။

သို့သော် ရှေ့လမ်းခရီးတွင် အခက်အခဲများက စောင့်ကြိုနေသည်။ Sciences Po မှ အရှေ့တောင်အာရှ ကျွမ်းကျင်သူ David Camroux က မြန်မာနိုင်ငံ အကျပ်အတည်း၊ အထူးသဖြင့် ယမန်နှစ်က အာဏာသိမ်းခဲ့သည့် စစ်တပ်သည် အရပ်သားများအပေါ် ဆက်လက်အကြမ်းဖက်နေမည်ဆိုပါက ထိုဖြစ်ရပ်သည် ၂၀၂၂ ခုနှစ်တွင်လည်း တင်းမာမှုတရပ်အဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်သည်။

Source:https://www.dw.com/en/what-to-expect-from-europe-asean-relations-in-2022/a-60396659


 

‘Cambodian PM’s rogue diplomacy a threat to Asean, Myanmar’

Cambodian Prime Minister Hun Sen‘s official visit to Myanmar, his meeting with the self-

declared State Administration Council leader Min Aung Hlaing, and their joint press statement, are a ―brazen and dangerous‖ attempt to seize the initiative away from Asean‘s collective approach to the crisis in Myanmar, says a rights body Tuesday.

Inquirer posted on 11 January 2022

Source:https://globalnation.inquirer.net/201673/cambodian-pms-rogue-diplomacy-a-threat-to-asean-myanmar


အကြောင်းအရာ - ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ ဆိုးရွားတဲ့ သံတမန်ရေးက အာဆီယံကို ခြိမ်းခြောက်နေ။

နေ့ရက် -၁၁/၀၁/၂၀၂၂

သတင်းတင်ထားသည့်နေရာ - Inquirer

ရေးသားချက်များ - ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်၏ မြန်မာနိုင်ငံ ခရီးစဉ်၊ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ၎င်းက တွေ့ဆုံခဲ့ခြင်းနှင့် ၎င်းတို့၏ ပူးတွဲသတင်းထုတ်ပြန်မှုသည်အန္တရာယ်များပြီး မျက်နှာပြောင်တိုက်သောလုပ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံအကျပ်အတည်းအတွက် အာဆီယံအဖွဲ့ကြီး၏ စုပေါင်းခြေလှမ်းမှ သွေဖယ်နေသည်ဟု လူ့အခွင့်အရေး အဖွဲ့ကြီးတခုက ပြောဆိုခဲ့သည်။

Source:https://globalnation.inquirer.net/201673/cambodian-pms-rogue-diplomacy-a-threat-to-asean-myanmar


 

Myanmar teak shipments imported to U.S. despite sanctions, group says

More than 1,700 tons of teak — much of it evading economic sanctions —were exported to the United States from Myanmar after the Southeast Asian country‘s military seized power in a coup last year, a watchdog group says.

The timber trade helps finance repression and human rights abuses, according to Justice for Myanmar, an advocacy group that investigates the business dealings of the nation‘s military.

Posted by LA Times on 11 January 2022

Source:https://www.latimes.com/world-nation/story/2022-01-11/myanmar-teak-sanctions-imports


အကြောင်းအရာ - ပိတ်ဆို့အရေးယူမှုများ ရှိနေသော်လည်း မြန်မာနိုင်ငံမှ ကျွန်းသစ်များ အမေရိကန်သို့ တင်ပို့ရောင်းချနေသည်ဟု သိရ။

နေ့ရက် - ၁၁/၀၁/၂၀၂၂

သတင်းတင်ထားသည့်နေရာ - LA Times

ရေးသားချက်များ - မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အမေရိကန်က စီးပွားရေးပိတ်ဆို့အရေးယူမှုများ ရှိနေသည်ကို ရှောင်ကွင်း၍၊ မြန်မာ့ကျွန်းသစ် တန်ချိန် ၁၇၀၀ ကျော်ကို အမေရိကန်သို့ တင်ပို့ခဲ့ကြောင်း စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ဖွဲ့က ပြောကြားသည်။ ဖိနှိပ်ချုပ်ချယ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြုလုပ်နိုင်ရန် သစ်ကုန်သွယ်မှုက ငွေကြေးထောက်ပံ့နေသည်ဟု စုံစမ်းထောက်လှမ်းသည့် အဖွဲ့တစ်ခု ဖြစ်သော Justice for Myanmar က ပြောကြားလိုက်သည်။

Source:https://www.latimes.com/world-nation/story/2022-01-11/myanmar-teak-sanctions-imports


 

Illegal Myanmar migrants seek safety, work in Thailand

Thai authorities are continuing their crackdown on people from Myanmar entering

illegally despite a worsening humanitarian situation in the war-torn nation ruled by a military dictatorship.

Dozens of Myanmar nationals have already been detained this week alone in several Thai provinces as people from the neighboring state continue trying to cross the border illegally in search of employment and safety. However, Thai authorities have stressed that all those crossing the porous borders will be detained, charged with illegal entry and deported.

Posted by UCA News on 11 January 2022

Source:https://www.ucanews.com/news/illegal-myanmar-migrants-seek-safety-work-in-thailand/95666#


အကြောင်းအရာ - တရားမဝင်မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းနိုင်ငံတွင် လုံခြုံစွာနေထိုင်နိုင်ရေးနှင့် အလုပ်ကိုင်ရရှိရေး အခွင့်အလမ်းများကို ရှာဖွေနေကြ။

နေ့ရက် - ၁၁/၀၁/၂၀၂၂

သတင်းတင်ထားသည့်နေရာ - UCA News

ရေးသားချက်များ -

စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်နေသည့် စစ်ဘေးသင့်မြန်မာနိုင်ငံ၌ လူသားချင်းစာနာထောက်ထားမှု အခြေအနေ ဆိုးရွားနေသော်လည်း မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသည့် လူများကို ထိုင်းအာဏာပိုင်များက ဆက်လက် နှိမ်နင်းလျက်ရှိသည်။

အလုပ်အကိုင်ရရှိရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ရန် ကြိုးစားမှုကြောင့် မြန်မာနိုင်ငံသား ဒါဇင်ပေါင်းများစွာသည် ထိုင်းနိုင်ငံ၏ ပြည်နယ်အများအပြားတွင် ယခုသီတင်းပတ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

ထိုင်းနယ်စပ်သို့ ဖြတ်ကျော်ဝင်ရောက်လာသူ အားလုံးကို ဖမ်းဆီးကာ တရားမ၀င်ဝင်ရောက်မှုဖြင့် ပြည်နှင်ဒဏ်ပေးမည်ဟု ထိုင်းအာဏာပိုင်များက အလေးပေး ပြောကြားသည်။

Source:https://www.ucanews.com/news/illegal-myanmar-migrants-seek-safety-work-in-thailand/95666#


 

Hopeful signs: How some Southeast Asian nations are snubbing Myanmar’s military leader

In the urgent meeting in Indonesia of 10 leaders of ASEAN, in April 2021, Gen. Min Aung Hlaing — the architect of Myanmar‘s coup two months earlier — was welcomed by his soon-to-be peers. Min Aung Hlaing likely believed the international community would soon recognize his seizure of power as an irreversible fait accompli.

In October 2021 summit, barring Min Aung Hlaing delivered a significant blow to his government‘s hopes of international recognition.

The conversation posted on 12 January 2022

Source:https://theconversation.com/hopeful-signs-how-some-southeast-asian-nations-are-snubbing-myanmars-military-leader-173449


အကြောင်းအရာ - မျှော်လင့်ချက်လက္ခဏာများ - အရှေ့တောင်အာရှနိုင်ငံအချို့က မြန်မာစစ်ခေါင်းဆောင်အား ရှုတ်ချနေကြပုံများ။

နေ့ရက် - ၁၂/၀၁/၂၀၂၂

သတင်းတင်ထားသည့်နေရာ - The Conversation

ရေးသားချက်များ - ၂၀၂၁ခုနှစ် ဧပြီလတွင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သော အာဆီယံခေါင်းဆောင် ဆယ်ဦး၏ အရေးပေါ်အစည်းအဝေးတွင် မြန်မာနိုင်ငံအာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ကြိုဆိုခဲ့ကြသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၎င်း၏အာဏာသိမ်းခြင်းကို နိုင်ငံတကာအသိုင်းအဝိုင်းက နောက်ကြောင်း ပြန်မလှည့်နိုင်သည့် ဖြစ်ရပ်တခုအဖြစ် မကြာမီ အသိအမှတ်ပြုလိမ့်သည်ဟု ယုံကြည်ခဲ့ပုံရသည်။ ၂၀၂၁ ခုနှစ်အောက်တိုဘာလတွင် ကျင်းပခဲ့သော ထိပ်သီးအစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခွင့်မရခဲ့ခြင်းသည် စစ်ကောင်စီအား နိုင်ငံတကာက အသိအမှတ်ပြုမှုလာမည့် မျှော်လင့်ချက်ကို သိသိသာသာ ထိခိုက်စေခဲ့သည်။

Source:https://theconversation.com/hopeful-signs-how-some-southeast-asian-nations-are-snubbing-myanmars-military-leader-173449


 

No respite for Aung San Suu Kyi: Kathmandu Post

It seems there is no respite for Myanmar's ousted civilian leader Aung San Suu Kyi, who, having been deposed through a coup in February last year, has been sentenced to four more years in prison. The charges levelled against her sound ridiculous, to say the least, for she has been accused of, among other things, possessing unlicensed walkie-talkies and breaking Covid-19 restrictions during the 2020 election campaign. But that is how things happen in military dictatorships. There is no limit to the excesses of a military dictatorship that considers a civilian leader a threat to its legitimacy.

The strait times posted on 12 January 2022

Source:https://www.straitstimes.com/asia/se-asia/no-respite-for-aung-san-suu-kyi-kathmandu-post


အကြောင်းအရာ- ဒေါ်အောင်ဆန်းစုကြည်အတွက်သက်သာခွင့်မရှိ

နေ့ရက် -၁၂/၀၁/၂၀၂၂

သတင်းတင်ထားသည့်နေရာ - The Strait Times

ရေးသားချက်များ -

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလတွင် မြန်မာ့တပ်မတော်က အာဏာသိမ်းပြီးနောက် ရာထူးမှ ဖယ်ရှားခံခဲ့ရသောအရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်သက်ညှာမှု ကင်းမဲ့စွာဖြင့် ထောင်ဒဏ်လေးနှစ် ထပ်မံ

ချမှတ်ခံခဲ့ရသည်။ သူမသည် လိုင်စင်မဲ့ walkie-talki များ ကိုင်ဆောင်မှုနှင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း Covid-19 ကန့်သတ်ချက်များကို ချိုးဖောက်သည်ဟု ဆိုသည့် အဓိပ္ပါယ်မရှိသော စွပ်စွဲမှု

များဖြင့် စွဲချက်တင်ခံထားရသည်။ ဤသည်မှာ စစ်အာဏာရှင်စနစ်၏ တရားဝင်မှုကို ခြိမ်းခြောက်နိုင်စွမ်းရှိသော အရပ်သားခေါင်းဆောင်တစ်ဦးအပေါ် ၎င်းတို့၏ အကြောက်လွန်ကဲမှုကို ပြသနေသည်။

Source:https://www.straitstimes.com/asia/se-asia/no-respite-for-aung-san-suu-kyi-kathmandu-post


 

Some 60,000 people flee the city of Loikaw following clashes between Myanmar’s military and anti-coup rebels

Attacks by Myanmar‘s military against anti-coup ethnic militias continue.

Last weekend, the military attacked Loikaw, Kayah state. Some 60,000 people fled the city, whose population had swelled to 90,000, seeking refuge in Shan State.

Asia News posted on 12 January 2022

Source:https://www.asianews.it/news-en/Some-60%2C000-people-flee-the-city-of-Loikaw-following-clashes-between-Myanmar%26rsquo%3Bs-military-and-anti-coup-rebels-54895.html


အကြောင်းအရာ - မြန်မာ့ အာဏာသိမ်းတပ်မတော်နှင့် အာဏာသိမ်းဆန့်ကျင်ရေး အဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားပြီးနောက် လွိုင်ကော်မြို့မှ လူ ၆၀,၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်။

နေ့ရက် -၁၂/၀၁/၂၀၂၂

သတင်းတင်ထားသည့်နေရာ - Asia News

ရေးသားချက်များ -

အာဏာသိမ်းမှုအား ဆန့်ကျင်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို မြန်မာစစ်တပ်က တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသည်။ ပြီးခဲ့သည့် သီတင်းပတ်က ကယားပြည်နယ် လွိုင်ကော်မြို့ကို မြန်မာစစ်တပ်က တိုက်ခိုက်ခဲ့သည်။ လူ ၆၀,၀၀၀ ခန့်သည် ရှမ်းပြည်နယ်တွင် ခိုလှုံရန် မြို့မှ ထွက်ပြေးခဲ့ကြပြီး ဒုက္ခသည်ဦးရေ ၉၀,၀၀၀ အထိ တိုးလာသည်။

Source:https://www.asianews.it/news-en/Some-60%2C000-people-flee-the-city-of-Loikaw-following-clashes-between-Myanmar%26rsquo%3Bs-military-and-anti-coup-rebels-54895.html


 

Daily Briefing in Relation to the Military Coup

As of January 12, (1463) people are now confirmed killed by this junta coup. AAPP compiled and documented two fallen heroes today. These two fallen heroes from Kalay Township in Sagaing Region were killed on previous days and documented today. This is the number verified by AAPP.

As of January 12, a total of (8566) people are currently under detention. (601) people have been sentenced in person; of them 41 have been sentenced to death (incl. 2 children). 1966 are evading arrest warrants. 118 people have been sentenced in absentia, of them 39 sentenced to death in absentia. In total 80 sentenced to death, in person and absentia.

Posted on 12 January 2022

Source:https://aappb.org/?p=19693


အကြောင်းအရာ - စစ်တပ်အာဏာသိမ်းမှုနှင့် စပ်လျဉ်းသည့် နေ့စဉ် ရှင်းလင်းတင်ပြချက်။

နေ့ရက် - ၁၂/၀၁/၂၀၂၂

နေရာ - အစီရင်ခံစာ (AAPP)

​ရေးသားသူ - AAPP

ရေးသားချက်များ -

ဇန်န၀ါရီလ ၁၂ ရက်နေ့အထိ စစ်အာဏာသိမ်းအဖွဲ့ကြောင့် ၁၄၆၃ ဦး သေဆုံးခဲ့​သည်။ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် တော်လှန်ရေးသူရဲကောင်း နှစ်ဦး ကျဆုံးခဲ့သည်။

ဇန်န၀ါရီလ ၁၂ ရက်နေ့အထိ စုစုပေါင်း ၈၅၆၆ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရသည်။ လူပေါင်း ၆၀၁ ဦး ပြစ်ဒဏ်ချမှတ်ခဲ့ရပြီး၊ ၎င်းတို့အနက် ကလေးသူငယ် နှစ်ဦး အပါအဝင် ၄၁ ဦး သေဒဏ်ချမှတ်ခံခဲ့ရသည်။ လူပေါင်း ၁၉၆၆ ဦးသည် ဖမ်းဝရမ်းထုတ်ထားခြင်းကို ရှောင်နေရသည်။ မျက်ကွယ်တွင် ထောင်ဒဏ် ချမှတ်ခံရသူ ၁၁၈ ဦးရှိပြီး၊ ၎င်းတို့အနက် ၃၉ ဦးသည် မျက်ကွယ်တွင် သေဒဏ်ချမှတ်ခံထားရသည်။ မျက်ကွယ်နှင့် လူကိုယ်တိုင် သေဒဏ်ချမှတ် ခံထားရသူ စုစုပေါင်း ၈၀ ဦး ရှိပြီ ဖြစ်သည်။

Source:https://aappb.org/?p=19693


 

31 views0 comments

Recent Posts

See All
bottom of page