top of page

‌‌‌ဂွမြို့သိမ်းတိုက်ပွဲ အရှိန်မြှင့်စစ်ဆင်နေပြီး စကစတွေက တိုက်တိုင်းရှုံးထွက်ပြေးနေသဖြင့် မကြာခင်သိမ်းပိုက်တော့မည်ဟု AA ထုတ်ပြန်🔹စစ်တပ်က ကျေးရွာ၊ နေအိမ်တွေ မီးရှို့၊ တံတားတွေ ဖောက်ခွဲဖျက်ဆီး

Writer's picture: Saw Kyaw OoSaw Kyaw Oo

ဂွမြို့သိမ်းတိုက်ပွဲ အရှိန်မြှင့်စစ်ဆင်နေပြီး စကစတွေက တိုက်တိုင်းရှုံးထွက်ပြေးနေသဖြင့် မကြာခင်သိမ်းပိုက်တော့မည်ဟု AA ထုတ်ပြန်

စစ်တပ်က ကျေးရွာ၊ နေအိမ်တွေ မီးရှို့၊ တံတားတွေ ဖောက်ခွဲဖျက်ဆီးပြီး ဧရာဝတီတိုင်းသို့ ဆုတ်ခွာထွက်ပြေးနေ

၂၂ ဒီဇင်ဘာ ||| နွေဦးအသံ |||

ရခိုင်ပြည်နယ်၊ ဂွမြို့ကို အာရက္ခတပ်တော် AA က အပြီးသတ်သိမ်းပိုက်ရေး အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်လျက်ရှိရာ စစ်ရှုံးအကြမ်းဖက်စစ်ကောင်စီက နေ့စဉ်ကျဆုံးမှုများစွာနဲ့ တိုက်တိုင်းရှုံးပြီး ကစဉ့်ကလျားထွက်ပြေးနေတာကြောင့် မကြာခင် သိမ်းပိုက်နိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဂွမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီက အဓမ္မစုဆောင်းထားတဲ့ တပ်သားသစ်တွေနဲ့ စုပေါင်းထားပြီး စိတ်ဓာတ်ပျက်ပြားနေတာကြောင့် စကစတပ်ဖွဲ့ဝင်တွေ နေ့စဉ်အကျအဆုံးများပြီး စခန်းတွေ တခုပြီးတခု လက်လွတ်နေရသလို AA က ထိုးစစ်အရှိန်အဟုန်မြှင့်တိုက်ခိုက်နေတာကြောင့် တိုက်တိုင်းရှုံးပြီး မကြာခင်ရက်အတွင်း လက်လွတ်ရတော့မယ့် မြို့ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ရှုံးအကြမ်းဖက်စစ်တပ်က လုပ်နေကျအတိုင်း ဂွမြို့ရှိ ကျေးရွာ၊ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခြင်း၊ တံတားတွေကို မိုင်းခွဲဖျက်ဆီးခြင်းတွေ ဆက်တိုက်လုပ်ဆောင်ပြီး ဆုတ်ခွာထွက်ပြေးလျက်ရှိရာ ဧရာဝတီတိုင်းအတွင်းသို့ တဆင့်ချင်း ဆုတ်ခွာထွက်ပြေးနေတဲ့ စကစတွေကို အဆက်မပြတ် လိုက်စစ်ဆင် တိုက်ခိုက်လျက်ရှိပြီး နေ့စဉ် တိုက်ပွဲပြင်းထန်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဂွမြိုနယ် အလယ်ရွာကို ဒီဇင်ဘာ ၁၇၊ ၁၈ ရက်တွေမှာ စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သလို ခမရ ၅၆၃ အနီးအနားရှိ လူနေအိမ်တွေကိုလည်း ဒီဇင်ဘာ ၂၁ ရက်၊ မနက် ၇ နာရီခန့်မှ စပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အပြစ်မဲ့ပြည်သူလူထုရဲ့ နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ အဲဒီလို စစ်ရာဇဝတ်ကျူးလွန်နေမှုတွေကို သေချာစွာ မှတ်တမ်းတင်ထားပြီး ကျူးလွန်ခဲ့တဲ့ တပ်ရင်း၊ တပ်မတွေနဲ့ အမိန့်ညွှန်ကြားချက်ပေးသူတွေကို ဖမ်းဆီးရမိပါက ပြစ်မှုနဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်တွေကို စီရင်ချမှတ်သွားမှာ ဖြစ်တယ်လို့ အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

1 view0 comments

Recent Posts

See All

Comentários

Avaliado com 0 de 5 estrelas.
Ainda sem avaliações

Adicione uma avaliação
bottom of page